Saturday, February 10, 2018

(၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ အထိမ်းအမှတ်​​ “အေးချမ်းသာယာပြည်​မြန်​မာ​” ရောင်​စုံဓါတ်​ပုံပြပွဲနှင့်​​ ဟော​ပြောပွဲ ကျင်းပ



နတ်​​မောက်​  ဖေ​ဖော်ဝါရီ ၁၀

(၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ အထိမ်းအမှတ်​​ အေးချမ်းသာယာပြည်​မြန်​မာ​ ရောင်​စုံဓါတ်​ပုံပြပွဲနှင့်​​ ဟော​ပြောပွဲကို​ ဖေဖော်ဝါရီ ၁၀ ရက်​ နံနက်​ ၇ နာရီ ၃၀ မိနစ်အချိန်​တွင်​ မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ ဆက်​ဆံ​ရေးဦးစီးဌာန Community Centre တွင်​ ကျင်းပခဲ့ကြောင်း သိရသည်​။

အခမ်းအနားတွင်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​တင်​လင်းက အဖွင့်​အမှာစကား ​ပြောကြားပြီး မြို့နယ်​ အုပ်ချုပ်​​ရေးမှူး ဦး​ကျော်​ခိုင်​ထွန်းက မြို့နယ်​ပြန်​/ဆက်​ရုံးတွင်​ (၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ အထိမ်းအမှတ်​အဖြစ်​​ ရောင်​စုံဓါတ်​ပုံများ၊ နံရံကပ်​ဓါတ်​ပုံများနှင့်​ နံရံကပ်​စာ​စောင်​များ ပြသထားရာ​​ ကျောင်းသား/သူများနှင့်​ မြို့​ပေါ်ရှိပြည်​သူများ လာ​ရောက်​ကြည့်​ရှုနိုင်​ရန်​ပြသထားသည့်​အတွက်​ ဝမ်း​မြောက်​ပါ​ကြောင်း ​ပြောကြားခဲ့သည်​။
ဆက်​လက်​၍ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​၊ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​နှင့်​ မြို့နယ်​ အုပ်​ချုပ် ရေးမှူးတို့က ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ ဆက်​ဆံ​ရေး ဦးစီးဌာန "​အေးချမ်းသာယာပြည်​မြန်​မာဓါတ်​ပုံပြပွဲ"​ ရှေ့တွင်​ ဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးခဲ့ပြီး​ နောက်​တက်​​ရောက်​လာကြသည့်​ လွှတ်​​တော်​ ကိုယ်​စားလှယ်​ကြီးများ၊ မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးနှင့်​ ဌာနဆိုင်​ရာ အကြီးအကဲများ၊​ ကျောင်းသားများက ကြည့်​ရှုကြရာ မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီး ဌာနရုံးတွင်​​ ဖေ​ဖေါ်ဝါရီ ၁ဝ ရက်​မှ ၁၄ ရက်​​နေ့ အထိ​ အေးချမ်းသာယာပြည်​မြန်​မာ​ရောင်​စုံ ဓါတ်​ပုံပြပွဲကို ပြသထားမည်​ဖြစ်​၍ မည်​သူမဆို လာ​ရောက်​ကြည့်​ရှုလေ့လာနိုင်​​ကြောင်း မြို့နယ်​ပြန်​/ဆက်​ ဦးစီးမှူးက ​ပြောကြားခဲ့​ကြောင်း သိရသည်​။
လှဝင်း(နတ်​​မောက်​)

No comments:

Post a Comment