ဝါးခယ်မ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း
စာမေးပွဲအား ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ်ဝင်တန်း
အောင်ချက်မြင့်မားရေး အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်
၉ နာရီက အ.ထ.က (၁) ဒေါ်ပိုက်မိခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစဝင်းသန်းက
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး၊ အခြေခံပညာကျောင်း တစ်ကျောင်းချင်းစီ သာမက
ကျောင်းသား၊ ကျောင်းသူ တစ်ဦးတစ်ယောက်ချင်းစီ၏ အဓိက လိုအပ်ချက်ကို ဖြည့်ဆည့်ပြီး ဆောင်ရွက်သွားရန်
လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ
အထက်တန်းကျောင်း (ခွဲ) စုစုပေါင်း ၂၂ ကျောင်းမှ
ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင်ပြီး
ဘာသာရပ်သင် ဆရာ၊ ဆရာမများ စုစုပေါင်း
၁၉၄ ဦးက ဘာသာရပ် တစ်ခုချင်းစီအလိုက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)
No comments:
Post a Comment