Sunday, February 18, 2018

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မန္တလေးတက္ကသိုလ် မန္တလေး ပညာရေး ကောလိပ်နှင့်ရွှေဘို တက္ကသိုလ်ရှိ ပညာရေးမိသားစုများနှင့် တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၅
အရည်အသွေးရှိသော ပညာရေးစနစ်ကို  အရည်အသွေးရှိသော ဆရာဆရာ မများဖြင့် ညီညီ ညွတ်ညွတ် တာဝန်ယူတာဝန်ခံ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တစ်ဦးချင်း တက္ကသိုလ် တစ်ခုချင်း သီးခြားမနေဘဲ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကဏ္ဍများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များ အချင်းချင်း ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားသည်။

ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ အနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအား အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ  စဉ်စားတွေးခေါ်မှုကို အားပေးသည့် Deep Learning ဖြင့်သင်ကြားသင်ယူနိုင်ရန်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုနှင့် ICT ကျွမ်းကျင်မှု မြှင့်တင်ခြင်းများ၊ စာများများဖတ်၍ အကျိုးရှိထိ ရောက်သော သုတေသနလုပ်ငန်းများ ပြုလုပ်ခြင်း သုတေသန စာတမ်းများ ရေသားခြင်းကို ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက် လုပ်သား ဈေးကွက်လို အပ်ချက်နှင့်ကိုက်ညီရန်နှင့် အရည်အသွေးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ပါ ကြောင်းနှင့် နေရာတိုင်း လုပ်ငန်းတိုင်းတွင် အခက်အခဲ၊ပြဿနာ၊ မပြည့်စုံမှုနှင့် စိန်ခေါ်မှုများရှိ နေသဖြင့် ညီညီညွတ်ညွတ် ပူးပေါင်း သည်းခံ၍ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၁၆၊၂၊၂၀၁၈ ရက်နေ့တွင် မန္တလေးတက္ကသိုလ် အင်းဝခန်းမ၌ ကျင်းပသော မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းဝင်း၊ ပါမောက္ခချုပ်များ ဒုတိယပါမောက္ခချုပ်များ ပါမောက္ခဌာနမှုးများနှင့် ပညာရေးဌာန အရာထမ်း အမှုထမ်းများ၊ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ တွေ့ဆုံပွဲတွင် ထိုကဲ့သို့ တိုက်တွန်း မှာကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်တာလှမိုးနှင့် မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
အလားတူ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့က မန္တလေးပညာ ရေးကောလိပ်၊ ရွှေဘို တက္ကသိုလ်များသို့ ရောက်ရှိကာ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ ဆရာဆရာမ ကျောင်းသား ကျောင်းသူများ ပညာရေးမိသားစုများနှင့် တွေ့ဆုံ၍ အတွေ့အကြုံ ရင့်ကျက်မှုနှင့် အရည်အသွေး ပြည့်ဝသော ဆရာဆရာမများဖြင့် အခြေခံပညာရေး၏ အရေးအကြီးဆုံး အတန်းဖြစ်သော မူလတန်း ပညာရေးတွင် Grade-1,Grade-2,Grade-3 အတန်းများ၌ အခြေခံ  အဖတ် အရေး အတွက်များ ကျွမ်းကျင်အောင် သင်ကြားပေးကြရန်၊ သင်ကြားရေး စီမံဘဏ္ဍာစသည့် ဌာနများအားလုံးတွင် အရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် ၊ တီထွင် ဆန်းသစ်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပညာရပ်ဆိုင် များကို အဆင့်မြှင့်တင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန် ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ကြရန်နှင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများဖြစ်အောင် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်အောင် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်အောင် တီထွင်ကြံဆတတ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေး ကြရန် တို့ကို မှာကြားသည်။
 ထို့နောက် တက်ရောက်လာသော ဆရာဆရာမများ၊ သင်တန်းသားသင် တန်းသူများက သိလိုသည် များကို ဆွေးနွေးမေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment