နေပြည်တော် ဖေဖော်ဝါရီ ၁၈
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည်
ယနေ့ နံနက်၌ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့ရှိ ဓါတ်ခွဲခန်းများအား
သွားရောက်ကြည့်ရှုစစ်ဆေးပြီး
ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းတို့မှ အပူကြောင့် မော်တော်ကားတာယာ
ပွတ်စားမှုအား သုတေသန ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တံတားကြီးများ၏
Bearing ကို ငလျင်ဒဏ်ခံနိုင်ရန် သုတေသန ပြုထားမှုများကိုလည်းကောင်း၊ အဆောက်အဦများတွင်
သုံးသော Mild Steel ၏ လျှောဖြတ် အားနှင့် ဆွဲဆန့်အားတို့ကို သုတေသနပြုထားမှုများကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး ဆိုင်ရာနှင့် ပတ်သက်သော
Material များစံချိန်စံညွှန်းများ ပြည့်မီစေရေးကို အလေးထား စေလိုကြောင်း၊ စစ်ဆေးတွက်
ချက်ရာတွင်လည်း ရာနှုန်းပြည့် မှန်ကန်ရမှာဖြစ်ကြောင်း၊ သို့မှသာနိုင်ငံအတွက် သတ်မှတ်ကာလနှင့်
အညီရာနှုန်းပြည့် ခိုင်ခံ့မှုရှိသော နိုင်ငံတကာ အဆင့်မီအဆောက်အဦ၊ လမ်းနှင့်တံတားများစွာ
ပေါ်ထွန်း လာမှာဖြစ်ကြောင်း မှာကြားခဲ့ပြီး ဓါတ်ခွဲခန်း အသီးသီးအား လှည့်လည်ကြည့်ရှု
စစ်ဆေးသည်။
ယင်းနောက် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အား ကြည့်ရှုစစ်ဆေးရာ
သင်တန်းခန်းမ ဆောင်တွင် ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်းဖွဲ့စည်းထားရှိမှု အခြေအနေများ၊
သင်တန်းပို့ချမှု ဆိုင်ရာအခြေအနေ များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ
ခေတ်မီအဆင့်မြှင့် သင်တန်းကျောင်း ဆောက်လုပ်မည့် အခြေအနေများအား ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) ရှိ Vocational
Training သင်တန်းသား များအား နှုတ်ဆက်အားပေး စကား ပြောကြားခဲ့ပြီး စာသင်ခန်းမများအတွင်း
လက်တွေ့လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment