လားရှိုး ဖေဖေါ်ဝါရီ ၂၁
ရှမ်းပြည်နယ် လားရှိုးမြို့ အမှတ်(၃)ရပ်ကွက်
၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်၌ ယနေ့ ညနေပိုင်းက ဗုံး ပေါက်ကွဲမှုဖြစ်ပွားရာ
အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ရိုးမဘဏ်၌ ညနေ ၄ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုကြောင့်
ဘဏ်အတွင်း ပိုင်းတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ကပ်လျက်ရှိ ဧရာဝတီဘဏ်တွင်လည်း
ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အတူ မျက်နှာချင်းဆိုင်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာ
ရေးဦးစီးဌာနရုံး မှန်များ ကွဲကြေခဲ့ကြောင်း၊ ၎င်းအပြင် လမ်းမတော် လမ်းမ ဘေး၌ ရပ်ထားသော
ကားမှန်များလည်း ကွဲကြေခဲ့ပြီး ဘဏ်အတွင်းရှိ အမျိုးသား ငါးဦး၊ အမျိုးသမီး
၈ ဦး ပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူများအား လားရှိုးမြို့ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ထားရှိကုသ လျက်ရှိပြီး ၎င်းတို့အနက် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း၊
အခင်းဖြစ်ပွားရာ နေရာသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိ သူများ
စစ်ဆေးကြည့်ရှုလျက် ရှိကြောင်း နှင့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး လျက်ရှိကြောင်း
သိရှိရသည်။
( ခရိုင်ပြန်/ဆက် )

No comments:
Post a Comment