နေပြည်တော်၊
ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ကျူးဘား သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော
သံအမတ်ကြီး မစ္စတာ ဟက်တာ ကော်န်ဒီ အယ်လ်မေးဒါး
သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ် ခန့်အပ်လွှာကို
ပေးအပ်သည်။
အလားတူ
နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနားသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်
သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စ မာရီယာ
အလစ်ရှာ ကာ့ဇိုနီ ဒီ ဆွန်ချိုင်းန်သည် ညနေ ၃ နာရီ ၅ မိနစ်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌
၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ် သည်။
အဆိုပါ
သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသန့်စင် တို့တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment