နေပြည်တော်
ဖေဖော်ဝါရီ ၂၁
ဥပဒေပြုရေး၊
အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ် နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ တို့အကြား
ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ ပြည်သူ များအား တိကျခိုင်မာသည့် သတင်းအချက်အလက်များ
ပေးနိုင်ရန်အတွက် ဒုတိယ အကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀
နာရီတွင် ပြန်ကြား ရေး ၀န်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊
မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊
သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီဦးအုန်းကြိုင်) နှင့် ဒေါက်တာ
မျိုးသန့်တင် ဦးစီးသော သတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊
မြန်မာ ဂျာနယ်လစ် ကွန်ရက်၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာ အမျိုးသမီးသတင်းစာ သတင်းများအဖွဲ့နှင့် BNI (Burma News International) တို့မှ ကိုယ်စားလှယ်များ၊
သတင်းမီဒီယာများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မဏ္ဍိုင်(၄)
ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွပ်လပ်ခွင့်များ အပြည့်အ၀ ရရှိစေရန်
၊ သတင်းမီဒီယာလုပ်ငန်းများ လွတ်လွတ်လပ်လပ် ပြည့်ပြည့်၀၀ ကျင့်သုံးဆောင်ရွက်နိုင်ရန်၊
လိုအပ် နေသည့် အချို့ ကိစ္စရပ်များ၊ အခက်အခဲများကို ကျန်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊
တရား စီရင်ရေး မဏ္ဍိုင်များနှင့် တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာရန်၊ ဒီမိုကရေစီ ကူးပြောင်းရေးတွင် မရှိမဖြစ် လိုအပ်
သည့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာဖြစ်ပေါ်ရန် တို့ ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနသည် မိမိတို့ ကိုယ်တိုင်အနေဖြင့် နိုင်ငံတော် သတင်းပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ရပြီး
တစ်ချိန်တည်းတွင် မီဒီယာလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက် ရပါ ကြောင်း၊ မိမိတို့သည် တည်ရှိနေဆဲ ဥပဒေများ ပြောင်းလဲလိုသည့် အနေအထားနှင့်
လျှော်ညီစွာ ပြုပြင် ပြောင်းလဲသည့် အလုပ်များလည်း လုပ်ရန်လိုပါကြောင်း၊ ထိုသို့လုပ်ဆောင်နေစဉ်ကာလတွင် တည်ရှိ နေသည့် ဥပဒေများနှင့်အညီ
ကျင့်သုံး၍ရပါကြောင်း၊ ယင်းအနေအထားကို ချိန်ဆပြီး ချိတ်ဆက် ရခြင်းဖြစ်သည့်အတွက် အချိန်ပေးရခြင်းများ
ရှိပါကြောင်း၊ ၎င်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်မှာ
သက်ဆိုင်သောအဖွဲ့အစည်းများနှင့် ဆောင်ရွက် ချင်သူများ၊ အသင်းအဖွဲ့များ ကြားတွင်ညှိနှိုင်းပြီး ဆောင်ရွက် မှသာလျှင် အဆင်ပြေနိုင် မည်ဖြစ်ပါကြောင်း။
ယနေ့
ဆွေးနွေးပွဲ၌ မဏ္ဍိုင်(၄)ရပ်အလုပ်ရုံ ဆွေးနွေးပွဲဟု
သုံးထားပါကြောင်း၊ မဏ္ဍိုင်ဆိုသည်မှာ အာဏာ မဏ္ဍိုင်များဟု
ပြောလိုရင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာသည် ပြည်သူ ထံမှ ဆင်းသက်သည်ဟု ရေးထား ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသားများ၏ အခြေခံ ရပိုင်
ခွင့်ရှိပြီး နိုင်ငံသား များသည် တိုင်းပြည်၏
အကြောင်းကိစ္စများကို စီမံခန့်ခွဲပိုင်ခွင့်ရှိပါကြောင်း၊ တိုင်းပြည်၏
ကောင် ကျိုး ဆိုးကျိုးကို စီမံခန့်ခွဲ ခွင့် အာဏာသည် ပြည်သူတွင် ရှိပါကြောင်း၊ သို့သော် ပြည်သူသည် သန်းပေါင်း ၅၀၊ ၆၀ ရှိသည့်အတွက်
ပြည်သူတစ်ဦးချင်းအနေဖြင့် အာဏာကို
ကိုယ်တိုင်ကျင့်သုံးရန် ခက်ခဲ ပါကြောင်း၊
လွှတ်တော်များသည် ပြည်သူ့ ကိုယ်စားလှယ်များဖြစ်ပါကြောင်း၊ ပြည်သူများက မိမိတို့ ဆောင်ရွက်စေချင် သည့်ကိစ္စများကို
ဆောင်ရွက်ရန်အတွက် ကိုယ်စားလှယ်အနေဖြင့် ရွေးပြီး ပေးလိုက်ခြင်း ဖြစ်ပါကြောင်း။
ပြည်သူများက မိမိတို့ဆီမှာရှိနေသည့် အာဏာအစိတ်အပိုင်းလေးများကို
စုပေါင်းပြီး ပြည်သူ့ ကိုယ်စား လှယ် များကို ပေးလိုက်ပါကြောင်း၊ အာဏာသုံးရပ်သည် ပြည်သူက မိမိတို့တွင် ရှိသည့်
အာဏာများကို ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ အာဏာ
သည် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း မလုပ်ချင်သည်ကို တိုက်တွန်း နိုင်သည်မှာ အာဏာဖြစ်ပါကြောင်း၊ မဏ္ဍိုင်(၃)ရပ်တွင် ရှိသည့် ပုဂ္ဂိုလ်များသည် အာဏာ
ရှိပါကြောင်း၊ သိုသော် အာဏာကို မမှန်မကန်သုံးစွဲခွင့်မရှိဘဲ အာဏာခွဲဝေ သုံးစွဲမှုသည် မဏ္ဍိုင်(၃) ရပ် ခွဲဝေသုံးစွဲပြီး အာဏာထိန်းကျောင်းနေရုံဖြင့် မပြည့်စုံ မလုံလောက်ဘူးဟု
ယူဆသည့်အတွက် မူလ ပိုင်ရှင်ဖြစ်သော ပြည်သူများက
မိမိတို့ ပေးလိုက်သည့် အာဏာကို သုံးစွဲသူများ မှန်မှန်ကန်ကန် သုံးစွဲ သလား၊
မသုံးစွဲဘူး လား၊ မိမိတို့ ဆန္ဒနှင့်
လျော်ညီစွာဆောင်ရွက်ခြင်းရှိသလား၊ မရှိဘူးလားသိရန် စောင့်ကြည့် သည့် အလုပ်ကိုလုပ်ရပါကြောင်း၊ စောင့် ကြည့်ပြီး ဝေဖန်၊ ထောက်ပြ ၊ ကန့်ကွက် ၊ တာဆီး စသည်ဖြင့် လုပ်ပေးရန် လိုပါကြောင်း၊ ထိုမှသာ
ဒီမိုကရေစီနည်း ကျသည့် နိုင်ငံဖြစ်မည်
ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ဒီမိုကရေစီနိုင်ငံများတွင်
မဏ္ဍိုင် (၃) ရပ်ကို စောင့်ကြည့်ဝေဖန် ထောက်ပြရန်ဆိုပြီး စတုတ္ထမဏ္ဍိုင်ဟု ခေါ်သည့် သတင်းမီဒီယာများ
ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ သိုမဟုတ် သတင်း မီဒီယာများ ကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ဝေဖန် စောင့်ကြည့်ထောက်ပြ ခွင့်အာဏာ အပ် နှင်း
ထားခြင်း ဖြစ်သည်ဟု ပြောချင်ပါကြောင်း။
သတင်းမီဒီယာများက အာဏာသုံးရပ်ကို ထောက်ပြခွင့် အာဏာရှိပါကြောင်း၊ မဏ္ဍိုင်(၃)ရပ်မှ ပုဂ္ဂိုလ်များသည် မိမိတို့ အာဏာသည်
ပြည်သူထံမှဆင်းသက်ခြင်း ဖြစ်သည့်အတွက် ပြည်သူကို
အစီရင်ခံရန် တာဝန်ရှိပါကြောင်း၊ သတင်းမီဒီယာများ
သည်လည်း ထိုနည်းတူစွာ ဆောင်ရွက်ရန် တာဝန် ရှိသည်ဟု မြင်ပါကြောင်း၊
မဏ္ဍိုင်(၄) ရပ်ဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်များကို ဆွေးနွေးသည့်အခါ အများပြည်သူ
အကျိုးစီးပွား ဆိုသည့် အခြေခံပေါ်တွင်မူတည်ပြီး
စဉ်းစားဆွေးနွေးစေ ချင်သည်ဟု ပြောလိုပါကြောင်း၊ မိမိတို့ တိုင်းပြည်တွင် မဏ္ဍိုင်
(၃) ရပ်ကို စောင့်ကြည့်မည့် စတုတ္ထမဏ္ဍိုင်အပြင် တစ်ခြားသော အများပြည်သူ အကျိုး စီးပွားအတွက် စောင့်ကြည့်သည့် အဖွဲ့အစည်းများ ယခုအခါ ပေါ်ပေါက် လာနေပါကြောင်း၊ အသွင် ကူးပြောင်းရေးကာလ တိုးတက်လာတာနှင့်အမျှ အဖွဲ့
အစည်းများတိုးတက် ပေါ်ပေါက် လာမည်ဖြစ် ပါကြောင်း၊ တိုးတက်ပေါ်ပေါက် လာသည်နှင့်အမျှ ဒီမိုကရေစီသည်လည်း
တိုးတက်ရန် ရှိပါကြောင်း။
ယနေ့
ဆွေးနွေးသည့်အခါ အကျိုးရလဒ်ထွက်ပေါ်လာအောင်ဆွေးနွေးကြပါ။ မိမိတို့ လုပ်ပိုင်ခွင့် အာဏာ
အသီးသီး ပြောဆိုပြီး ဆွေးနွေးညှိနှိုင်းတဲ့အခါ
ပြည်သူ့ အကျိုးစီးပွား ဆိုသည့် အချက်ကို မမေ့မလျော့ဘဲ ဆွေးနွေးဆောင်ရွက်ကြပါ၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့်
မိမိတို့ တိုင်းပြည်ဒီမိုကရေစီ ကူးပြောင်းရေး တွင်လည်း အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက မြန်မာ့ပုံရိပ်ကို ၊ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲ
ဆိုသည်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကောင်းကောင်းမွန်မွန် နှင့် မှန်မှန်ကန်ကန်သိရန်အတွက်
မိမိတို့ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ ဒီမဏ္ဍိုင် (၄) ရပ်၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အလွန်အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ တစ်ယောက်အခက် အခဲကို
တစ်ယောက်သိရန်၊ နားလည်ရန်လိုပါကြောင်း၊ သတင်းသမားများအတွက် အချိန်သည် အလွန် အရေးကြီးပါကြောင်း၊
အတိမ်းအစောင်းမခံပါကြောင်း၊
သတင်းတစ်ခုသည်
မှန်ရန်၊ တိကျရန်၊ ဘက်လိုက်မှု ကင်းရန် လိုပါကြောင်း၊
ဘက်လိုက်မှုကင်းရန်အတွက် မဏ္ဍိုင်သုံးရပ်၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်အရေး ကြီးပါကြောင်း၊
သတင်းသမားများက သတင်း တစ်ခု ကြားပြီဆိုလျှင် အတည်ပြုရန် အတွက် သက်ဆိုင်ရာ ဌာနကို ဆက်သွယ်ရပါကြောင်း၊
အဲဒီ အချိန် တွင် ဖုန်းကိုင် မည့်ပုဂ္ဂိုလ် မရှိပါက ရေးချင်သလို ရေးပြီး နောက်ဆုံးစာကြောင်းတွင်
ဤကိစ္စနှင့် ပတ်သက်၍ အတည်ပြုပြောဆိုရန် တာဝန်ရှိပုဂ္ဂိုလ်ကို အချိန်မီ ဆက်သွယ်၍ မရရှိနိုင်ပါ
ဟု ရေးလိုက်လျှင် ပြီးသွားပြီဖြစ်ကြောင်း၊ ထိုသို့နိဂုံးချုပ်လိုက်မည် ဖြစ်ပါကြောင်း၊ ထိုအခါ
သတင်းအမှားအပေါ် အခြေ ခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကလူတွေ၊ အခြားပုဂ္ဂိုလ်များ၊
ပြည်သူများ စသဖြင့် ဝေဖန်ကြ၊ ထို အပေါ်မှာ အခြေခံပြီး မူဝါဒ ရေးဆွဲကြမည်ဖြစ်ပါကြောင်း၊ ထိုအခါ ထိန်းမနိုင် သိမ်းမရ ပြဿနာများ ဖြစ်ပေါ် လာမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် မဏ္ဍိုင် (၄) ခု အကြားတွင် ပူးပေါင်း ဆောင်ရွက်မှု၊ အပြန် အလှန် နားလည်မှု
မရှိမဖြစ်လိုအပ်ပါကြောင်း။
မဏ္ဍိုင်
(၄) ခုအကြား နားလည်မှုမရှိဘူး၊ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုလျှင် ဘာတွေဖြစ်နိုင်မလဲဆိုလျှင်
သတင်း အမှားများကို တမင်လွှင့်ထုတ်ခြင်း၊ သတင်းအမှား များ ပေါ်ထွက်လာခြင်း၊ ကောလာဟလများ
ထွက် လာခြင်း၊ ထိုအပေါ်မှာ အခြေခံပြီး အမုန်းစကားများ ပေါ်လာမည်ဖြစ်ကြောင်း စသည်ဖြင့်
ပြောကြား သည်၊
ယင်းနောက်
သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) က မဏ္ဍိုင်ကြီး (၄) ရပ် စုစုစည်းစည်း တစ်ယောက်ကိုတစ်ယောက်
၊ တစ်တိုင်ကို တစ်တိုင် အမှီသဟဲပြုပြီး ထိန်းသိမ်း စောင့်ရှောက်လာသည့် အိမ်ကြီး၊ နိုင်ငံတော်ကြီး၊
တစ်နည်းအားဖြင့် ပြည်ထောင်စုကြီး ထို အထဲတွင် မှီတင်းသည့် မိမိတို့ ပြည်ထောင်စုသားများသည်
အမိုးအကာ လုံလုံခြုံခြုံနှင့် စိတ်ချလက်ချ
စိတ်အေး ချမ်းသာစွာနေထိုင်နိုင်သလို မဏ္ဍိုင်ကြီးလေးရပ်
စည်းလုံးညီညွတ်ရန် မိမိတို့ အားလုံး ပူးတွဲပြီး
ညီညီညွတ်ညွတ်လုပ်ကြမည်ဆိုလျှင် စိန်ခေါ်မှုများကို မိမိတို့ မှုစရာမလိုပါ ကြောင်း ပြောကြားသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ အတွင်းရေးမှူး
ဒေါက်တာသန်းဝင်း က မဏ္ဍိုင်ကြီး (၃)ရပ် ယိမ်းယိုင် လာပါက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းစာ၊
ဂျာနယ်နှင့် မဂ္ဂဇင်းများက တည့်မတ် ပေးရမည့် တာဝန်ရှိပါကြောင်း၊ သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်
လွတ်လပ် ခွင့်နှင့် ရပိုင်ခွင့်များ ရရှိအောင် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ဆောင်ရွက်သွားရမည်
ဖြစ်ပါ ကြောင်း၊ ၁၉၄၈ ခုနှစ်နှင့် ၁၉၆၂ ခုနှစ်ကသြဇာကြီးသော၊ သိက္ခာရှိသော ၊ သမာသ မတ်ရှိသည့်
စတုတ္ထ မဏ္ဍိုင်ကြီး ပေါ်ပေါက်ခဲ့သလို ယခုကာလတွင်လည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကို
အထောက် အပံ့ပြုသည့် သိက္ခာရှိသော၊ သြဇာ ရှိသော သမာသမတ်ရှိသော စတုတ္ထ မဏ္ဍိုင်ကြီး ပေါ်ပေါက်
လာရန်နှင့် သတင်းသမား များ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်ရေးအတွက်
ဒီ အလုပ်ရုံဆွေးနွေးပွဲအကြိမ်ကြိမ် လုပ်ဆောင်ရင်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး
နှင့် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောတို့က မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍
အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် တို့မှ တာဝန်ရှိသူများက
သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးနှင့် သတင်းရယူပိုင်ခွင့်တို့နှင့်
စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၊ မြန်မာ ဂျာနယ်လစ်
ကွန်ရက်၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ၊ မြန်မာအမျိုးသမီး သတင်းစာဆရာများအဖွဲ့နှင့်
BNI (Burma News International) တို့မှ တာဝန်ရှိသူ များက မဏ္ဍိုင် (၄ )ရပ်နှင့် စပ်လျဉ်း၍
ဆက်လက် ဆွေးနွေးကြသည်။
ယနေ့
ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲရလဒ်အနေဖြင့်မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကဲ့သို့
ဆွေးနွေး ပွဲများ မကျင်းပမီ အကြို ညှိနှိုင်းအစည်းအဝေး များ ကြိုတင်ပြုလုပ်သွားရန်၊
သတင်းသမား စိစစ်ရေး ကတ်ပြားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့
သက်ဆိုင်ရာ သတင်း မီဒီယာ အဖွဲ့များက အသိပေးထားရန်နှင့် သတင်းထောက်ကတ်ပြားများအား အသုံးပြုရေး
မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီက တိုက်တွန်း ညှိနှိုင်းဆောင်ရွက်ရန် ၊ သတင်းမီဒီယာဥပဒေအား
ပြန်လည် သုံးသပ်ပြင်ဆင်ရေး ဆောင်ရွက်ရန်၊ တိုင်းရင်းသားမီဒီယာကဏ္ဍ ပိုမိုအားကောင်းလာစေရန်
သတင်း မီဒီယာ ဥပဒေတွင် အခန်း တစ်ခန်း အနေဖြင့် ထည့်သွင်းဖော်ပြနိုင်ရေး ဆောင်ရွက်ရန်၊
ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများအလိုက် သတင်းစာရှင်းလင်းပွဲများအား တစ်လ တစ်ကြိမ် ပြုလုပ်
သွားနိုင်ရေး အကြံပြု တိုက်တွန်းရန်၊ မဏ္ဍိုင် (၃)ရပ်နှင့် သတင်းမီဒီယာအဖွဲ့အစည်းများ
ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် သွားနိုင်ရေး အကြံပြုတိုက်တွန်းရန်၊ တိုင်းဒေသ
ကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များနှင့် ပြောရေးဆိုခွင့်ရ
အဖွဲ့ထားရှိရန်နှင့် အသစ်ပြောင်းလဲမှုများ ရှိပါက Update ပြုလုပ်ပေးရန်၊ သတင်းထောက်များကို
အခြေခံသတင်းကျင့်ဝတ်များ သိရှိစေရန်၊ သင်တန်းများ ပေးရန်နှင့် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့်
ပူးပေါင်းပြီး သင်တန်းများပေးရန်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ မှ စီစဉ်ပေးရန်၊
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် ဒေသဆိုင်ရာ မီဒီယာသမား ဖွံ့ဖြိုး တိုးတက်
လာရေး သင်တန်း များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပ ပေးရန်၊ ဌာနဆိုင်ရာ
ပြောရေး ဆိုခွင့်ရှိ သူများကို သီးသန့်ဖွဲ့စည်းခန့်ထားပြီး တာဝန်နှင့် အခွင့် အရေးများ
သတ်မှတ်ပေးရန်၊ အဆိုပါကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်
တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များသို့ ညှိနှိုင်း ဆောင် ရွက်ပေးရန်၊ သတင်းမီဒီယာသမားများ၏
ဆက်သွယ်ရန်အမည်၊ လိပ်စာ နှင့် ဖုန်းနံပါတ်များ (Update) များနှင့် E-mail လိပ်စာများကို
သက်ဆိုင်ရာ ဌာနများသို့ ပြန်လည်ပေးပို့ပေးရန်၊ အစိုးရဌာနများနှင့် လွှတ်တော်များတွင်
Press Corner ထားရှိပေးရန်၊ သတင်း မီဒီယာကောင်စီအနေဖြင့် သတင်းထောက်များအား ကျင့်ဝတ်
လိုက်နာမှု ရှိစေရေး ဆောင်ရွက်ပေးရန်၊ သတင်း မီဒီယာသမားများနှင့် မဏ္ဍိုင် (၃) ရပ်အဖွဲ့များ
အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးရန်နှင့် ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများကို တိုင်းဒေသကြီး/
ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီး/
ပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူ များက တိုင်းရင်းသား မီဒီယာသမားများ သတင်းရယူရာတွင်
တန်းတူအခွင့်အရေး ရရှိရေး ဆောင်ရွက် ပေးရန်၊
မဏ္ဍိုင် (၃)ရပ်မှ မီဒီယာ သမားများအား ခွဲခြားဆက် ဆံမှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်
ဆိုသည့် သဘော တူညီချက် များကို အတည်ပြု ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment