မြဝတီ
ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ၁၃ ဂိတ်သစ်အတွင်း
မသင်္ကာဘွယ်ရာ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း (၇)ဦး ရောက်ရှိနေကြောင်း
ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နယ်ခြားစောင့်တပ်၊ ဂိတ်တာဝန်ခံမှ
ဖုန်းဆက် အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး မြန်မာနိုင်ငံဘက်ခြမ်း
ကမ်းနဖူး ဂိတ်အတွင်း ဖမ်းဆီးခဲ့သည်။
အဆိုပါ(၇)ဦးမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ
မောင်ဟူစိန်အာမဒ် (၁၆နှစ်)၊ မောင်အာဘူးအူမက်ရ်(၁၄နှစ်)၊ မသာဟာရရ်(၁၄နှစ်)၊
မဖေရ်မိန်(၁၄နှစ်)၊ မရေးဟာနာဘေဂါမ်(၁၅နှစ်)၊ မခါလီးဒါ (၁၅နှစ်)၊ မဆော်ယေါဒ်ဒါ(၁၂နှစ်)
တို့ဖြစ်ပြီး၊ အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ တရားမ၀င်တွေ့ရှိခဲ့သဖြင့် လ၀ကအက်ဥပဒေဖြင့်
အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ စစ်ဆေးမေးမြန်းတဲ့အခါ သူတို့က ၂၀၁၇ခုနှစ်က
ဘူးသီးတောင်မြို့နယ်မှာ ပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ မောင်တော မြို့မှတစ်ဆင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုသွားပြီး ကယ်ဆယ်ရေးစခန်းမှာ ၁၃ ရက်ခန့်နေခဲ့တယ်ပေါ့၊
အဲ့ဒီကနေမှ အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၆ လခန့် အိမ်ငှားနေထိုင်ခဲ့ပါတယ်၊
အဲ့လိုနေရင်း မဖေရ်မိန်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဦးလေးဖြစ်တဲ့ အရွတ်နဲ့
ချိတ်ဆက်ပြီးတော့မှ အရွတ်က မဲဆောက်မှာ စောင့်နေမယ်ပေါ့ ပြောလို့ သူတို့က ၂၀၁၈ခုနှစ်၊
ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ မိုရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်း
တမူးမြို့ကိုရောက်တယ်ပေါ့၊ တမူးကနေ အိမ်စီးအငှားယာဉ်တစ်စီးအား တစ်ဦးလျှင်
တစ်သိန်းနှုန်းနဲ့ ငှားခဲ့တာပေါ့၊ ဒီရောက်တော့ ဖမ်းဆီးရမိခဲ့တာပါ” ဟု မြ၀တီမြို့မရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိန်လင်းအောင်

No comments:
Post a Comment