Friday, February 9, 2018

ပင်လယ်ကမ်းစပ်တွင် သစ်ခွဲသားအပြည့်တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့စက်လှေတစ်စီး တွေ့ရှိ


ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ သင်္ချိုင်းအနီး ပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီ (၉) ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကပ္ပလီနယ်မြေမှူးတို့က တောင်သရက်သစ်ခွဲသားအပြည့် တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့စက်လှေတစ်စီးအားတွေ့ရှိ သတင်းပေးပို့ချက်အရ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ပိုင်ရှင်မဲ့စက်လှေမှာ သစ်လုံးထွင်းလှေလုံးအား ပင်လယ်တွင်း သွားလာမှုမြန်ဆန်အောင် ပြုပြင် ထားပြီး အလျား ၃၃ ပေ၊ အနံ ၁၀ ပေ၊ စောက် ၆ ပေ ရှိကာ တရုတ်နီ(၂၅)ကောင် စက်အမျိုးအစား တပ်ဆင်ထားကြောင်း စက်လှေပေါ်တွင် တောင် သရက်သစ်ခွဲသားများ အပြည့်တင်ဆောင်ထားရာ စုစုပေါင်း(၃)တန်ခန့် ရှိနိုင်ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရသည်။
အဆိုပါစက်လှေတွင် ပင်လယ်ရေများဝင်ရောက်နေပြီး သောင်ပြင်အတွင်း နစ်မြုပ်သွားနိုင်သဖြင့် စက်လှေပေါ်ပါ သစ်များ အားနေရာရွှေ့ပြောင်း သိမ်းဆည်းနိုင်ရေးနှင့် ဆက်လက်အရေးယူနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

No comments:

Post a Comment