Friday, February 9, 2018

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲကျင်းပ


ရန်ကုန် ဖေဖော်ဝါရီ ၉
(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်၊ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် တိုင်းရင်းသား ရိုးရာအစားအစာရောင်းချသည့် ဆိုင်ခန်းများ အား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါ ကျောင်းရှိ ပင်မဆောင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဒေါက်တာအောင်ထွန်းသက် တို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒေါက်တာအောင်ထွန်းသက်နှင့် အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်တို့အား ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပဒေသာကပွဲ အခမ်းအနား အမှတ်တရပစ္စည်းပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အဆိုအကများနှင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုပန်းခြင်း များပေးအပ်ကြသည်။ ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment