နေပြည်တော်
ဖေဖော်ဝါရီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နယ်သာလန်နိုင်ငံ သံ အမတ်ကြီး H.E. Mr.
Wouter Jurgens အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်
အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်သို့ သံတမန်များ၊
ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊
ပြည်ပသတင်း မီဒီယာအဖွဲ့များ စေလွှတ်ပေးနေမှု အခြေအနေ များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ သတင်းမီဒီယာနှင့် ပတ်သက်သည့် ဥပဒေများ
ပြင်ဆင်ရေးဆွဲနေမှု အခြေအနေများနှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်အတွက် စီစဉ်ဆောင်ရွက်နေမှုများကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

No comments:
Post a Comment