နေပြည်တော်
ဖေဖော်ဝါရီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes သည် ယနေ့နံနက် ၉ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန
ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
မီဒီယာလွတ်လပ်ခွင့် အခြေအနေ၊ သတင်းမီဒီယာ ဥပဒေ ပြင်ဆင် ရေးနှင့် သတင်း အချက်အလက် သိရှိပိုင်ခွင့်
ဥပဒေရေးဆွဲရေး ကိစ္စရပ်များ၊ ခေတ်စနစ်နှင့် ကိုက်ညီမှု မရှိတော့သည့် တည်ဆဲဥပဒေ အချို့အား
ပြန်လည်သုံးသပ်ပြင်ဆင်နေမှု အခြေအနေ၊ Social Media
များကို လူအများမှ စည်းစနစ် မှန်ကန်စွာ အသုံးချနိုင်ရေး အတွက် အသိပညာ ပေးရေး
ကိစ္စများနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။

No comments:
Post a Comment