နေပြည်တော် ဖေဖော်ဝါရီ ၆
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
(၁၃)ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြီး မေးခွန်း ၆ ခုမေးမြန်းဖြေကြားခြင်း၊
အဆို ၁ ခုဆွေးနွေးခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းတို့ကို
ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၏
ကျန်းမာရေးကဏ္ဍ ဆိုင်ရာမေးခွန်းများနှင့်စပ်လျဉ်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။
ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၏ ဝန်းသိုမြို့နယ်
ကျိုင်းခွင်ကျေးလက်ကျန်း မာရေးဌာနအား စံကိုက် အဆောက် အဦနှင့် ဝန်ထမ်းအိမ် ရာ တည်ဆောက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျိုင်းခွင်ကျေး လက် ကျန်းမာရေးဌာန စံကိုက်အဆောက်အဦအသစ်
ဆောက်လုပ်ပေးရန်လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ရန်ပုံငွေ ကျပ် ၁၂၆ သန်း ထည့်သွင်းလျာထားပါကြောင်း
ဖြေကြား သည်။
ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ယင်းမာပင်မြို့နယ်
ညောင်ကိုင်း ကျေးရွာ တိုက်နယ်ဆေးရုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခွင့် ချထားပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ညောင်ကိုင်း ကျေးရွာ တိုက်နယ် ဆေးရုံအား
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြား သည်။
မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးမိုးသူ၏
မြောင်းမြမြို့နယ်တွင် မြောင်းမြ မြို့သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်အား ဂုဏ်ပြုသောအားဖြင့်
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား ဖွင့်လှစ်ပေးရန် အစီ
အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပါသင်တန်းကျောင်းဆောက်လုပ်ရန်အတွက် လိုအပ်သောမြေနေရာ
အမြန်ဆုံး ရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း၊
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင်သင်တန်းကျောင်းတည်ဆောက်ပြီးပါက ၂၀၂၀ ခုနှစ်တွင် သူနာပြုသင်တန်း
သား အနည်းဆုံး ၅၀ မှ ၁၀၀ အထိခေါ်ယူသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏
တောင်ကုတ်မြို့နယ် ကင်းတောင် စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်
ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကင်းတောင်ကျေးရွာသည် တောင်ကုတ်မြို့နယ်နှင့် ၁၀
ဒသမ ၅ မိုင်၊ လမူးတိုက်နယ်ဆေးရုံနှင့် ၂၁ မိုင်၊ ရွာမတိုက်နယ်ဆေးရုံနှင့် ၇ ဒသမ ၅ မိုင်ကွာ
ဝေးပါကြောင်း၊ အခြေအနေ၊ အချိန်အခါနှင့် အချက်အလက်များကို သုံးသပ်ရာတွင် လောလောဆယ် လိုအပ်ချက်မရှိသေးကြောင်းကို
တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လောလောဆယ် အခြေအနေတွင် တောင်ကုတ်မြို့နယ် ကင်းတောင်စံပြကျေးရွာ
တွင် တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် မစဉ်းစားသေးပါကြောင်း၊ နောင်လိုအပ်သည့်အခါ တွင် စဉ်းစားသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်ရှိ
ရှီးလန်ဒမ်း အုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်ဒေသဖြစ်သည့် အတွက် ခေါင်လန်ဖူးမြို့နယ်ရှိ
ရှီးလန်ဒမ်းအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်သင့်ကြောင်း ပြည်နယ် ဦးစီးမှူးက
တင်ပြထားပါကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့်ဖွဲ့စည်းပုံ
စိစစ်ရေး အဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့လည်းကောင်းပေးပို့၍
သဘောထားမှတ်ချက် တောင်းခံပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး ပထမဦးစားပေး
အနေဖြင့် လုပ်ဆောင်ပေး သွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏
ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများခန့်ထားခြင်းနှင့်ပတ်သက်၍ လက်ထောက်ကျန်းမာရေးမှူးများကို
မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) (HA-1)အစား မြို့နယ်ကျန်းမာရေးမှူး (THA)အဖြစ် ရာထူးတိုးပေးရန်၊
မြို့နယ်ကျန်းမာရေးမှူး(THA)များကို မြို့နယ်အဆင့်တွင် ခန့်အပ် ရန်နှင့် လက်ထောက်ကျန်းမာရေးမှူးများကို
မည်သည့်အဆင့်အထိ ရာထူးတိုးမြှင့် ပေးမည်၊ ရာထူးတက်လမ်းရှိသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍
နိုင်ငံ့ ၀န်ထမ်းနည်းဥပဒေတွင် ၀န်ထမ်းတစ်ဦးကို သက်ဆိုင်သည့်ရာထူးအဆင့် အမျိုး အစားတွင်
သာမန်အားဖြင့် အဆင့်မကျော်ဘဲ တစ်ဆင့်စီသာ ရာထူးတိုးမြှင့်ပေးရ မည်ဟု ဖော်ပြထားပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖွဲ့စည်းပုံနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ
လက်ထောက် ကျန်းမာရေးမှူး များကို မြို့နယ်ကျန်းမာ ရေးမှူးအဆင့်(၁) (HA-1) အစား မြို့နယ်ကျန်းမာရေးမှူး
(THA) အဖြစ် တိုက်ရိုက် ရာထူးတိုးပေး၍ မရပါကြောင်း။
ဖွဲ့စည်းပုံအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင်
ဆရာဝန်/ ဦးစီး အရာရှိ ရာထူးများ ခွင့်ပြုထား ပြီးဖြစ်ပါသဖြင့် အရည်အချင်းပြည့်ဝသူများကို
သင့် လျော်သည့် ဦးစီးအရာရှိနေရာများတွင် ခန့်အပ်သွား မည်ဖြစ်ပါကြောင်း၊ လက်ထောက် ကျန်းမာရေးမှူးရာထူးရရှိပြီးနောက်
လုပ်သက် ၆ နှစ်ရှိပါက မြို့နယ်ကျန်းမာရေးမှူး (သို့မဟုတ်) ဦးစီးအရာရှိရာထူး အဆင့်ရရှိမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ထို့နောက် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်
တင်သွင်းထားသည့် “နိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန်
ဒေသ ဆရာဝန်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် mobile medical team ဖွဲ့ပြီး ကျေးရွာ
များသို့ အလှည့်ကျကွင်းဆင်း၍ Rural Community Health မြှင့်တင်ပေးပါရန် ပြည်ထောင်စု
အစိုးရအားတိုက်တွန်းကြောင်း”အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်
စားလှယ်များက ဆွေးနွေးကြသည်။
မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်က
ကုသမှုခံယူသူနှင့် ကုသ မှုဆောင်ရွက်ပေးသူ နှစ်ဦးနှစ်ဖက်ပိုမို အကျိုးဖြစ်ထွန်းစေမည့်
နည်းလမ်းများကို ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတွင်
ကုသ ခြင်း၊ အသိပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း စသည့် ကိစ္စများကို
လုပ်ဆောင်ရသောကြောင့် တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် ကွင်းဆင်း ကုသပေးရုံဖြင့် ကျန်းမာရေးစောင့်ရှောက်မှု
လွှမ်းခြုံအားကောင်း လာစေမည်မဟုတ် ပါကြောင်း၊ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် မနိုင်ဝန်ထမ်းရခြင်း၊
လက်ရှိ တာဝန်များ အား လစ်ဟင်းစေနိုင်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ အဖွဲ့လိုက်
ကွင်းဆင်း ရသည့်အတွက် လူနေမှု စရိတ်များကုန်ကျကာ ကျေးရွာနေပြည်သူများအတွက် ၀န်ပိ စေခြင်းကြောင့်
ချင့်ချိန်စဉ်းစားသင့်ပါကြောင်း ဆွေးနွေး သည်။
ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်က
mobile medical team အဖွဲ့သည် လုပ်ဆောင်နိုင်လျှင် ကောင်းပါကြောင်း၊ သို့သော် ယခုအချိန်တွင်
ဆေးရုံ တွင်လည်း ဆရာဝန်ပြည့်ပြည့်စုံစုံမရှိပါကြောင်း၊ ကျန်းမာရေး ဦးစီးဌာနတွင်လည်း
ကျန်းမာရေးဦးစီးမှူး၊ လက်ထောက်ကျန်းမာရေးဦးစီးမှူးများ ပြည့်ပြည့်စုံစုံ မရှိသေး
သည့် အတွက်ကြောင့် ယခုအဆိုသည် မူအားဖြင့်ကောင်းပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနကို
ဖွဲ့စည်းပုံချဲ့၍ ဆောင်ရွက်ပါက ပိုမိုသင့်တော်ပါကြောင်း ဆွေး နွေးသည်။
ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာဦးထွန်းလင်းမော်က
ကျေးလက်ကျန်းမာရေး ဌာန ၀န်ထမ်းများသည် သက်ဆိုင် တာဝန်ကျရာဆေးရုံ၊ ဆေးခန်းအသီးသီးတွင်
သတ်မှတ်စံနှုန်းထက်ပိုမိုများပြားသည့်တာဝန်များကို ထမ်းဆောင် နေကြရ ပါကြောင်း၊ ယင်းအခြေအနေမျိုးတွင်
mobile medical team တစ်လ တစ်ကြိမ်၊ နှစ်ကြိမ် ထွက်ရမည် ဆိုလျှင် ၀န်ထမ်းအင်အားပြည့်စုံသည့်
မြို့နယ်များတွင် ပြဿနာ သိပ်မရှိ နိုင်သော်လည်း စံကိုက်ဝန်ထမ်း အင်အား မပြည့်စုံသော
မြို့နယ်များတွင် မနိုင်ဝန် ထမ်းရသည့်အတိုင်းဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုကို ထိခိုက်နိုင်ပါကြောင်း၊
ထို့ကြောင့် ကွင်းဆင်းကုသရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားနိုင်ရန် ၀န်ထမ်းအင်အားကို
ဖွဲ့စည်းပုံပြည့်မီအောင် ခန့်နိုင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက
လူတိုင်းလက်လှမ်းမီ နိုင်သော ကျန်းမာရေးလွှမ်းခြုံမှုအတွက် မူဝါဒအခြေခံအုတ်မြစ်များချမှတ်ပေးခြင်း၊
ပြည့်စုံလုံလောက်သော လူ့စွမ်းအားအရင်းမြစ်နှင့် ဘဏ္ဍာငွေကြေးအရင်းမြစ် စသော စွမ်းအားစုအရင်းအမြစ်များကို
ဖော်ထုတ်ပေးခြင်း၊ ရှင်းလင်းပြတ်သားသည့် တာဝန် နှင့်လုပ်ပိုင်ခွင့်များ ကိုပေးအပ်ခြင်းဖြင့်
နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် mobile
medical team များဖွဲ့ပြီး ကျေးရွာများသို့ အလှည့်ကျကွင်းဆင်း၍ Rural Community
Health ကို မြှင့်တင်ပေးရာတွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ကျိုက်လတ်မဲဆန္ဒနယ်မှ
ဦးရန်လင်း၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊
ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်တင်မာဆွေ၊
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးဝင်းအောင်၊ ဒလမဲဆန္ဒနယ်မှ
ဒေါက်တာဦးစိန်မြအေး၊ ရေကြည်မဲဆန္ဒ နယ်မှ ဒေါက်တာဦးစံရွှေဝင်းတို့က ဆွေးနွေးကြသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၇ ခုနှစ် တစ်နှစ်တည်းတွင် ကွင်းဆင်းသည့် အရေ
အတွက် ၁ ဒသမ ၈ သန်းရှိပါကြောင်း၊ လူနာအသစ်နှင့် အဟောင်း စုစုပေါင်း ၁၀သန်းခန့်ရှိပါကြောင်း၊
ကွင်းဆင်းသည့်အခါတွင်လည်း ၎င်းတို့ကုသနိုင်သည့် ရောဂါများကုသပေးပြီး ကုသမပေးနိုင်သည့်
ရောဂါများကို လွှဲပြောင်းပေးပါကြောင်း၊ လွှဲပြောင်းသည့်လူနာမှာ ၂၀၁၇ ခုနှစ်အတွင်း ၃၄၀၃၅၁
ယောက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် အထူးကုဆရာဝန်ကြီးများပါဝင်တဲ့အဖွဲ့များဖြင့်လည်း
၁၃၆ ကြိမ် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများမှာ ၀န်ကြီးဌာနအနေဖြင့်
ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ ဖြစ်ခြင်းကြောင့် အဆိုကို
မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းအဆိုက လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူကြောင်း ဆုံးဖြတ် သည်။
ယနေ့အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဖွံ့
ဖြိုးတိုးတက်ရေး ကော်မတီက “မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်း”တင်သွင်း
ခြင်း၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ် ကြားရှင်းလင်းခြင်းနှင့်
ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည် စာရင်း တင်သွင်းနိုင်ကြောင်း
အသိပေးကြေညာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။
ကျော်သူထက်
ေ
No comments:
Post a Comment