နေပြည်တော်
ဖေဖော်ဝါရီ ၁၈
တောင်သူလယ်သမားများ၏
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုတက်ရေး၊ လယ်ယာ ထွက်ကုန်များ တိုးတက် ထုတ်လုပ်ရေး လုပ်ငန်းများ
ကြိုးပမ်း ဆောင်ရွက်ကြရာတွင် သီးနှံ အထွက်နှုံး တိုးရေးထက် တောင်သူများ နည်းပညာဆိုင်ရာ
ဗဟုသုတ တိုးတက်ရေးကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်ရန် လိုကြောင်း၊ မျိုးစေ့လိုအပ်ချက်
၊
စိုက်စရိတ် လိုအပ်ချက်နှင့် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများကို မိတ်ဘက်အဖွဲ့အစည်းများ
ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည့် နည်းတူ စိုက်ပျိုးရေးဆိုင်ရာ
နည်းပညာဗဟုသုတများ ဖြန့်ဖြူးပေးခြင်းကို သက်ဆိုင်ရာ ပညာရှင်ဝန်ထမ်းများက အားထုတ် ကြိုးပမ်းပေးကြစေ
လိုကြောင်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ပေါက်အင်းစိုက်ကွင်း၌ ကျင်းပသည့် တောင်သူ
ပညာပေး ကွင်းသရုပ်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေး ပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာန၊
ကော်ဖီ-ရာသီ သီးနှံဌာနခွဲ က တာဝန်ယူ ဆောင်ရွက်နေသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊
ချောင်းဦးမြို့နယ်ရှိ ပေါက်အင်းစိုက်ကွင်းတွင် တောင်သူ ပညာပေး ကွင်းသရုပ် ပြပွဲကို
ဖေဖေါ်ဝါရီ(၁၇)ရက် နံနက်(၉)နာရီက ကျင်းပရာ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း
က စိုက်ကွင်း၏ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ GAPစနစ်ဖြင့် ပဲမျိုးစုံစိုက်ပျိုးခြင်း
နည်းပညာများ နှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို
ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က အမှာစကားများ
ဆွေးနွေး ပြောကြားကြသည်။
ထို့နောက်
အခမ်းအနား တက်ရောက်လာကြသည့် ဒေသနေ တောင်သူများ၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် သိရှိလိုသည်များ
တင်ပြဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များက ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေး
ကြသည်။
ဆွေးနွေးပွဲအပြီးတွင်
စိုက်ကွင်းအတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဂျုံ သီးနှံ၊ ကုလားပဲ သီးနှံမျိုးစေ့ထုတ်စိုက်ခင်းများကိုလည်းကောင်း၊
တောင်သူများ အရစ်ကျ စနစ်ဖြင့် အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ရန် ကုမ္ပဏီများက ခင်းကျင်းပြသ
ထားသော လယ်ယာသုံး စက်ကရိယာများကို လည်းကောင်း၊ စိုက်ပျိုးရေးသွင်းအားစု မျိုးစုံတို့ကို
လည်းကောင်းကြည့်ရှု အားပေးကြသည်။
ပေါက်အင်းစိုက်ကွင်းသည်
ဌာနပိုင် မျိုးစေ့ထုတ်စံပြစိုက်ကွင်းဖြစ်ပြီး ဂျုံမျိုးစေ့ ထုတ် ဧက(၁၀၀)၊ ကုလားပဲမျိုးစေ့ထုတ်
ဧက(၄၀၀)တို့မှ စိုက်ပျိုးထွက်ရှိလာသော မျိုးသန့် မျိုးစေ့များကို စစ်ကိုင်း တိုင်းဒေသကြီးနှင့်
မကွေးတိုင်းဒေသကြီးများ အတွင်းရှိ တောင်သူများ၏ မျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျှက်ရှိသည်။
စိုက်ကွင်းအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ဂျုံ သီးနှံ နှင့် ကုလားပဲသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း
အပါအဝင် စုစုပေါင်း သီးနှံစိုက်ဧရိယာ (၂၁၀၀)ဧက စိုက်ပျိုး လုပ်ကိုင်လျှက် ရှိကြောင်း
သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment