Sunday, February 18, 2018

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိ


နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊
မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံး (Border Liaison Office) ဖွင့်လှစ်ရေး ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းရန် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားရာမှ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment