နေပြည်တော်
ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏
နာယက၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဗဟိုအလုပ်အမှုဆောင်များနှင့်တွေ့ဆုံ၍
နယ်ပယ်အသီး သီးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု
လုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည့် အခမ်း အနားကို ယနေနံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယက၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှုတ်ခွန်းဆက် စကားပြောကြားပြီး
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ အချိန်ပြည့် ဗဟိုအလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာမြသူထံ
ဆောင်ရွက်လျက်ရှိ သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်သည်။
ယင်းနောက်
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ အချိန်ပြည့် ဗဟိုအလုပ်အမှု ဆောင် ပါမောက္ခ ဒေါက်တာမြသူက
နိုင်ငံတော်သမ္မတထံ ကြက်ခြေနီအထိမ်းအမှတ် လက်ဆောင်ကို ပြန်လည်ပေးအပ် သည်။
အခမ်းအနားသို့
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ သမ္မတရုံး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ သမ္မတရုံးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊
မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသူ၊ အချိန်ပြည့် ဗဟိုအလုပ်အမှုဆောင်များ
ဖြစ်ကြသည့် ဒေါက်တာ အမယာမော်နိုင်၊ ဦးကင်ဘွိုင်း၊ ဦးခင်မောင်လှ၊ အချိန်ပိုင်း ဗဟိုအလုပ်အမှုဆောင်
များဖြစ်ကြသည့် ဦးဝေဠုကျော်၊ ဦးပေါ်မြင့်ဦး၊ ဦးဂဲနက်စ်၊ ဦးမျိုးမင်းနောင်၊ ဦးမောင်
မောင်ခင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
No comments:
Post a Comment