Monday, February 5, 2018

ရှင်ပင်ရွှေဆပ်သွားဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကျောက်ဆည် ဖေဖေါ်ဝါရီ ၅
သမိုင်းဝင်ရှင်ပင်ရွှေဆပ်သွားဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ အနောက်ဖက် (၅) မိုင်ခန့် အကွာ ညောင်ရွေကျေးရွာအနီးတွင်တည်ရှိပြီး နှစ်စဉ်ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ် ပစ္စည်းများကို ဒေသခံပြည်သူများက လောင်းလှူပူဇော်လျှက်ရှိရာ ဖေဖေါ်ဝါရီလ (၅) ရက်နံနက် (၁၀) နာရီတွင် အဆိုပါဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပသည်။

မူလကုသိုလ်ရှင်မှာ အနော်ရထာမင်းဖြစ်သည်။ မင်းတရား၏ကုသိုလ် တော်စေတီငယ်ကို ရုပ်ပွားတော်ကြီး၏ အနောက် ဖက် ခြောက်လက်မပတ်လည်ခန့် အပေါက်ငယ်မှ လက်နှိပ်ဓါတ်မီးဖြင့် အလင်းရောင်ပေးကာ ဖူးမြင်နိုင်သည်။ ယင်း ကျောင်းတော်အတွင်း၌ မြတ်စွာဘုရား၏ ရုပ်ပွားတော်များနှင့်ရသေ့ကြီး ဦးခန္တီ၏ပုံတူရုပ်ထုကိုတွေ့ကြရမည် ဖြစ်သည်။
ထို့ကြောင့် နယ်သူနယ်သားများသည် အနော်ရထာမင်းတရား၏ စေတီတော်ကို ဆင်လှူပွဲတော်၊ မင်းထွန်းပွဲတော်နှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲတော်ကို ဒေသခံပြည်သူများက လောင်းလှူကြရာ ပင့်သံဃာတော် (၉၈) ပါး၊ သီလရှင်၊ ယောဂီများနှင့် ဖိုးသူတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ပျော်ပွဲရွှင်ပွဲများ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ဒေသထွက်ကုန်များနှင့် စားသောက်ဖွယ်ရာအမျိုးမျိုးတို့ဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။

ခင်မောင်လွင်

No comments:

Post a Comment