တောင်သာ၊ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊
တောင်သာမြို့နယ်တွင် မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသရေးလုပ်ငန်းဆိုင်ရာ
အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၅) ရက်၊ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ
့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မကူးစက်နိုင်သော
ရောဂါဆိုတာ လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သောလူမှုဘဝ
နေထိုင်မှု ပုံစံများတွင် ကြာရှည်စွာစားသောက်နေထိုင် ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသော
ရောဂါများဖြစ်သည်။ အဓိက မကူးစက်နိုင်သော ရောဂါများကတော့ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၊
ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတို့ဖြစ်သည်။
မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် ကောက်ယူရရှိသော ကျန်းမာရေးစာရင်းဇယားများအရ သေဆုံးရခြင်းအကြောင်းအရင်းများ၏
(၅၉) ရာခိုင်နှုန်းမှာ မကူးစက်နိုင်သော
ရောဂါများ ကြောင့်ဖြစ်ပြီး အဆိုပါသေဆုံးမှုများအနက် (၂၅) ရာခိုင်နှုန်းမှာ နှလုံးသွေးကြောရောဂါများ၊
(၁၁)ရာခိုင်နှုန်းမှာ ကင်ဆာ ရောဂါ များ၊ (၉) ရာခိုင်နှုန်းမှာ နာတာရှည်အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ
ရောဂါများနှင့် (၃) ရာခိုင်နှုန်းမှာ ဆီးချို သွေးချိုရောဂါများကြောင့် သေဆုံးနေကြောင်း
တွေ့ရှိရသည်။ လူတစ်ဦးရောဂါဖြစ်စေသော အစားအသောက်၊
အနေအထိုင်နှင့် အမူအကျင့်များကို ရှာဖွေဖော်ထုတ်ပြီး ရောဂါရှိသူများလည်း မိမိတို့ နှင့်သင့်လျော်သည့်
မှန်ကန်သော အစားအသောက်၊ အနေအထိုင် အမူအကျင့်များလုပ်ဆောင်ရန် ကုသခြင်း၊ ပညာပေးခြင်း၊
နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ရန် အရေးကြီးသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော
ဆေးရုံ၊ ကျန်းမာရေးဌာနများမှ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရသကဲ့သို့
ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများရောက်အောင် ကျန်းမာရေးနှင့် နှီးနွယ်သောဌာနပေါင်းစုံမှ
ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထုကိုယ်တိုင် လိုက်နာဆောင်ရွက်ဖို့ လိုသည်။ သို
့မှသာလျှင် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားသေဆုံးမှုမှ
ကျဆင်းပြီး အမျိုးသားကျန်းမာရေး အဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့ နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက
မကူးစက်နိုင်သော ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ ကျန်းမာရေးဆိုင်ရာများ
မေးမြန်းခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)
No comments:
Post a Comment