နေပြည်တော်
ဖေဖော်ဝါရီ ၅
အိန္ဒိယသမ္မတနိုင်ငံ၊
Assam ပြည်နယ်၊ Guwahati မြို့၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်အထိ ကျင်းပသည့် Advantage Assam Global Investor
Summit သို့ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့် ဦးဆောင်သည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကိုယ်စားလှယ်များ
ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ Summit သည်
အိန္ဒိယသမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Assam ဒေသတွင် အကောင် အထည်ဖော် ဆောင်ရွက်နေသော
စက်မှုကဏ္ဍ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု
များဖွံ့ ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ ဦးဆောင်၍ စက်မှုကဏ္ဍဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာ မူဘောင်များရေးဆွဲခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ရာတွင်
လွယ်ကူ လျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေခြင်း
စသည့် အခြေအနေများကို ထိပ်သီးအစည်းအဝေး၌ မျှဝေခြင်းဖြင့် နည်းပညာ ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊
လျှပ်စစ်နှင့် ဆေးဝါးကဏ္ဍတို့ကို လက်တွေ့အသုံးချနိုင်ရေး အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားဖွင့်ပွဲအား
ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အိန္ဒိယသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်
Mr. Narendra Modi မှ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်တွင်
ကျင်းပသော Plenary Session ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကား
ပြောကြားခဲ့ရာ ယနေ့ ကျင်းပပြုလုပ်သော Advantage Assam Global Investor Summit သည် အာသံဒေသ၏
ပထဝီဝင်အရ မဟာဗျူဟာမြောက်အားသာချက်များကို ရယူ၍ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုန်သွယ်မှု လွယ်ကူလျှင်မြန်ချောမွေ့ စေရေးနှင့် ပိုမို တိုးမြှင့်ဆောင်ရွက်ရေးတို့အတွက်
အရေးပါသည့် ထိပ်သီး အစည်းအဝေး တစ်ခုဖြစ်ပါကြောင်း၊ စီးပွားရေး အခွင့်အလမ်းကောင်းများ
ရရှိနိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းတို့ဖြင့်
ပို့ကုန်ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အာသံနှင့်အတူ မိတ်ဖက် နိုင်ငံများမှ
ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်သွား နိုင်မည်ဟု
ယုံကြည်ပါကြောင်း၊ ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးပွဲသည် အိန္ဒိယ-အာဆီယံ၏ ပိုမိုခိုင်မာ၍
အကျိုးကျေးဇူး ပြုနိုင်သော “Act East Policy” ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်
အထောက်အကူပြုမည်ဖြစ်ပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက အရေးပါ သော အခန်းကဏ္ဍ
တွင်ပါဝင်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
Summit သို့ တက်ရောက်နေစဉ်ကာလအတွင်း
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဘူတန်နိုင်ငံ၊ ဝန်ကြီးချုပ်
H.E. Mr. Tshering Tobgay ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံအကြား
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်
အလားအလာများကို ဆွေးနွေးခဲ့သည်။
ယခုကျင်းပသည့်
ထပ်သီးအစည်းအဝေးသည် အာသံပြည်နယ်အစိုးရ၏ ရင်းနှီးမြှုပ်နှံ
မှုမြှင့်တင်ရေးနှင့် လွယ်ကူ ချောမွေ့စေရေးအတွက် ပထမဦးဆုံးနှင့် အကြီးဆုံးထိပ်သီးအစည်းအဝေး
တစ်ခုဖြစ်ပြီး၊ အာဆီယံနှင့် BBN နိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်
ဖိတ်ခေါ်ခြင်းဖြစ်ရာ Summit သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၊ အာသံပြည် နယ်မှ ဝန်ကြီးချုပ်၊
အာဆီယံ နိုင်ငံများမှ ကုန်သွယ်ရေး ဝန်ကြီးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပါအဝင်
(၄၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment