Saturday, February 10, 2018

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းများ၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ



 နေပြည်တော် ဖေဖော်ဝါရီ ၉
တရားမဝင်ကုန်စည်များ တားဆီးထိန်း ချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့်၂ဝ၁၇ ခုနှစ် မတ် ၁ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် မ္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ ကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၈၉၇ စီး၊ သွင်းကုန် အစီး ၁၁၅ဝ၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ် မှုယာဉ် ပို့ကုန် ၅၈ စီး၊ သွင်းကုန် ၁၇၃ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိ သည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ အား စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၈ ရက်က ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု ခုနစ် မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉ ဒသမ ၂၆၈ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းမှ တားဆီးမှုငါးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၄ ဒသမ ၇၃ သန်းခန့် စုစုပေါင်း တားဆီးမှု ၁၂ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၉၃ ဒသမ ၉၉၈ သန်းခန့်အား ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဖေဖော် ဝါရီ ၈ ရက်က မူဆယ်နှင့် မန္တလေး မြို့များသို့ သွားရောက်မည့် ယာဉ်များ အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်စဉ် မူဆယ်သို့ သွား ရောက်မည့် ခရီးသည်တင်ယာဉ်တစ်စီး အား စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ဘက် နှင့် ကြမ်းခင်းတို့တွင် အံဝှက်ပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတောက် ဓားရွေ ၄၈ တုံး၊ ၁ ဒသမ ၁၇၁ဝ တန်နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃ ဒသမ ၅၁၃ သန်းခန့်အား စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment