Saturday, February 10, 2018

တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ချောင်းတာစူးကျေးရွာတွင် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအားမော်တော်ယာဉ်တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


သတင်းအရ ပူးပေါင်းအဖွဲ့ ဖြင့် သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံ ချွန်ဖွန်းမြို့တွင်နေထိုင်သည့် အသက်(၄၇ နှစ်)အရွယ် အန်ဖိုင်ဆိုသူအား တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းနှင့်အတူ GLOCK အမျိုးအစား ၉ မမ ပစ္စတိုတစ်လက် (ကျည်အိမ်တပ်လျက်) ကျည်ဆန်ငါးတောင့်၊ ကျည်ဆန် ၁၀ တောင့်ပါ ကျည်အိမ်အပိုတစ်ခု၊ ထိုင်းနိုင်ငံ လိုင်စင်တပ် တရားမဝင် တိုယိုတာဟိုင်းလပ် ဒါဘယ်ကပ်ယာဉ်တစ်စီး၊ ထိုင်းမှတ်ပုံတင်ကတ်ပြားတို့နှင့်အတူ စစ်ဆေးဖမ်းဆီးရမိခြင်း ဖြစ်သည်။
အဆိုပါ ထိုင်းနိုင်ငံသားသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က မော်တော်ယာဉ် မောင်းကာ ထိုင်း-မြန်မာနယ်စပ် ရွာဟေ့လူစခန်း၏ အနီးမှ တရားမဝင်ဝင်ရောက်လာ ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အတူ ဖမ်းဆီးရမိသူ အန်ဖိုင်(၄၇ နှစ်)အား ဘုတ်ပြင်း မြို့နယ်ရဲစခန်းက အရေးယူထားကြောင်း သိရသည်။

 ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment