စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Lt. Gen. Perry Lim ၏ ဖိတ်ကြားချက်အရ စင်ကာပူလေကြောင်းပြပွဲသို့ တက်ရောက်ရန်အတွက် စင်ကာပူ
နိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည်
ယနေ့ နံနက်ပိုင်းတွင် Changi Exhibition Centre ၌ ကျင်းပလျက်ရှိသည့် စင်ကာပူ လေကြောင်းပြပွဲ
( Singapore Airshow 2018) တတိယနေ့တွင် နိုင်ငံအလိုက် ကုမ္ပဏီများမှ ပြသထားသည့် ပြခန်းများနှင့်
အဆင့်မြင့် နည်းပညာသုံး ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းပြခန်းများ၊ တိုက်ခိုက်ရေးလေယာဉ်
များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ် များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ် များကို
ကြည့်ရှုလေ့လာသည်။
ထို့နောက်
လေယာဉ်အလှပြပျံသန်းမောင်းနှင်မှုနှင့် စွမ်းရည်သရုပ်ပြ ပျံသန်း မောင်းနှင်မှုများအား
ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment