Friday, February 23, 2018

တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေး ကျင်းပ


ရန်ကုန် ဖေဖော်ဝါရီ ၂၃
တတိယအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေး မှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် အောင်ဝင်းဦးနှင့် အိန္ဒိယသမ္မတနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုမှ ညွှန်ကြားရေး မှူးချုပ် H.E. Mr. Shri Abhay တို့က အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် မြန်မာ-အိန္ဒိယနှစ် နိုင်ငံကိုယ်စားလှယ်များသည် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်မြင့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယသမ္မတနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Shri Abhay ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေအား ပြန်လည်သုံးသပ်ခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသင်တန်း ဆောင်ရွက်နိုင်မှု ပြန်လည်သုံးသပ်ခြင်း၊ ပရီကာဆာ ထိန်းချုပ်ရေး၊ နယ်စပ်ဆက်ဆံရေး အရာရှိရုံးများ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက် သည့် သတင်းအချက်အလက်နှင့် အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment