နေပြည်တော်
ဖေဖော်ဝါရီ ၂၀
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား
သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ် ညစာစားပွဲအခမ်း အနားကို ယနေ့ညနေ
၆ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့်
မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် မြန်မာ-ရုရှား
သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ် ညစာစား ပွဲကို မြန်မာ - ရုရှား နှစ်နိုင်ငံ
နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး
H.E.Dr. Nikolay Lisdopadov က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ရုရှား-မြန်မာ
ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ Mr. Anatoly Bulachnikov နှင့်
ဂုဏ်ထူးဆောင်အဖွဲ့ဝင် Mr.Rudolf Yanson တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား
အမှတ်တရ ဂုဏ်ပြုလက် ဆောင်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူ ညစာသုံး ဆောင်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားရိုးရာ ကျေးလက် ဂီတအနုပညာရှင် များနှင့် “ငွေရောင်တူရိယာကြိုးများ”
ဂီတတူရိယာအဖွဲ့တို့၏
ဖျော်ဖြေတင် ဆက်မှုများကို အားပေးကြည့်ရှုပြီး ဂုဏ်ပြု ပန်းခြင်းပေးအပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာသန်းမြင့်၊
ဦးဟန်ဇော်နှင့် ဦးကျော်တင်၊ ပြည်ထောင်စု
ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ၀င်းသိမ်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊
ဒုတိယ၀န်ကြီး ဦးအောင်လှ ထွန်း၊ ဦးဝင်းမော် ထွန်း၊ ဦးမောင်မောင်ဝင်း၊ တပ်မတော်အရာရှိကြီးများ၊
ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment