နေပြည်တော်
ဖေဖော်ဝါရီ ၉
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ
ဒိန်းမတ်သံရုံးတို့သည် ၂ဝ၁၈ ခုနှစ် ၂ဝ၂၃ ခုနှစ်အထိ ငါးနှစ်ကြာ အကောင်အထည် ဖော်ဆောင်ရွက်မည့်
ပင်လယ်ကမ်းရိုး တန်းဒေသနေ ပြည်သူလူထုက ရာသီ ဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေ
ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ် တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း
အမည် ရှိ စီမံကိန်းဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီခွဲတွင်
သစ်တောဦးစီးဌာန òန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ
ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Peter Lysholt Hensen တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ
စီမံကိန်းလုပ်ငန်းများကို ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးများရှိ ဒီရေတောများ
ပြန်လည် ထူထောင်ရန်၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ တိုးတက်လာစေရန်နှင့်
ရာသီဥတုပြောင်း လဲမှုဒဏ်ကို ဒေသခံပြည်သူလူထုက ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ရန်
စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။ ယခုစီမံကိန်းသည် ဒိန်းမတ်-မြန်မာနှစ်နိုင်ငံ
ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် (၂ဝ၁၆-၂ဝ၂ဝ) တွင် ပါဝင်သည့် စီမံကိန်းတစ်ရပ် ဖြစ်သည်။
မြန်မာနိုင်ငံသည်
ဒီရေတော ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဒီရေတောဧရိယာ အများဆုံး ပေါက်ရောက်သည့်
နိုင်ငံများတွင် ၁ ဒသမ ၂ သန်း(ဧက) ခန့်ဖြင့်သတ္တမမြောက် ဒီရေတော ဧရိယာအများဆုံးတည်ရှိ
သည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရှိ ဒီရေတောများသည် မြေအသုံးချမှု ပြောင်းလဲခြင်း၊
မြို့ပြနှင့်လူနေအိမ်ခြေ များ ချဲ့ထွင်ခြင်းနှင့် ထင်းမီးသွေးအတွက် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့
ကြောင့် ပျက်စီးယိုယွင်းလာလျက်ရှိ သည်။ ဒီရေတောများ ပျက်စီးဆုံးရှုံးမှုနှင့် အတူ ဒီရေတောများမှ
ရရှိသည့်ဝန်ဆောင် မှုနှင့် ထုတ်ကုန်ပစ္စည်းများလည်း လျော့နည်းဆုံးရှုံးမှုကြောင့် ကမ်းရိုးတန်း
ဒေသများတွင် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ များကိုလည်း ရင်ဆိုင်လာရသည်။
သစ်တောဦးစီးဌာနသည်
ဒီရေတော များ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသစ်တောများ
ပြန်လည် ထူထောင်ရေး ၁ဝ နှစ်စီမံကိန်း (၂ဝ၁၇/ ၁၈ မှ ၂ဝ၂၆/၂၇) ကို ဆောင်ရွက်လျက် ရှိရာ
ဒီရေတောများ ပြန်လည်ထူထောင် ရေးလုပ်ငန်းများလည်း အပါအဝင်ဖြစ် သည်။
သို့ဖြစ်၍
ဒိန်းမတ်နိုင်ငံ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့်ဆောင်ရွက်မည့် ယခု စီမံကိန်းသည် မြန်မာနိုင်ငံ
သစ်တော များ ပြန်လည်ထူထောင်ရေးစီမံကိန်း ကို များစွာအထောက်အကူပေးနိုင်မည် ဖြစ်သည်။
စီမံကိန်းလုပ်ငန်းများတွင်
ဒီရေ တောများ ပြန်လည်စိုက်ပျိုးပြုစုခြင်း၊ ဒီရေတော ကြိုးဝိုင်းကြိုးပြင်ကာကွယ် တောများဖွဲ့စည်းခြင်း၊
ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည် ထောင်ခြင်း၊ ထင်းအသုံးနည်းစေမည့်
စွမ်းအားမြှင့်မီးဖိုများ ထုတ်လုပ်ဖြန့်ဖြူး ခြင်းနှင့် ဒီရေတောဂေဟစနစ်ကို ထိခိုက်
မှုမရှိသည့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ထောင်ခြင်းစသည်တို့ကို ဒေသခံပြည်သူများနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment