Saturday, February 10, 2018

မြန်မာ - ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများအစည်းအဝေး ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၉
နေပြည်တော်ရှိ Grand Amara Hotel တွင် ဖေဖော်ဝါရီ ၁ဝ ရက်နှင့် ၁၁ ရက်နေ့များ၌ မြန်မာ- ထိုင်းနှစ်နိုင်ငံ အလုပ် သမားရေးရာကျွမ်းကျင်သူများ အစည်းအဝေးကို နှစ်နိုင်ငံ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ ဆွေးနွေးညှိနှိုင်းကြ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများတွင် ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြားသား အလုပ်သမားခေါ်ယူခန့်အပ်ခြင်းဆိုင်ရာ လက်ရှိ ဆောင်ရွက်မည့်မူဝါဒများ၊ နိုင်ငံသားစိစစ်ရေးနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံသို့ မြန်မာ အလုပ်သမားများတရားဝင်စေလွှတ်သည့်MoUလုပ်ငန်းစဉ် များ၊ ထိုင်းနိုင်ငံ ရေလုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားရေးရာ ကိစ္စရပ်များ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း အလုပ် သမားòန်ကြားရေးဦးစီးဌာနမှ သိရှိရသည်။
''မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ နယ်နိမိတ်ချင်း ထိဆက် နေတဲ့အတွက် နယ်စပ်တစ်လျှောက် သွားရောက်ဖို့ လွယ်ကူတာ ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုက ထိုင်းနိုင်ငံ ကို သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်၊ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားတွေ အလုပ်ခန့်ထားခြင်းနဲ့ ကာကွယ်စောင့်ရှောက်ပေးရေးလုပ်ငန်းတွေအတွက် အခုလို ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ပါတယ်''ဟု အလုပ်သမားòန်ကြား ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြား သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ၂ဝဝ၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ဗန်ကောက်မြို့၌ သက်တမ်းတိုးခဲ့ပြီး ဖြစ် သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ထိုင်းနိုင်ငံသို့ မြန်မာ အလုပ်သမားအသစ်များကို ၂ဝ၁ဝ ဇွန်တွင် စတင်စေလွှတ်ခဲ့ပြီး လုံခြုံစိတ်ချရသော လုပ်ငန်းစဉ်ဖြစ်စေရန် ၂ဝ၁၂ ခုနှစ်မှစ၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရရှိပြီးသူများကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် (ထိုင်း) သီးသန့် ထုတ်ပေးဆောင်ရွက်ခဲ့ပြီး၂ဝ၁၆ ဒီဇင်ဘာမှစ၍ ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနမှ အာမခံကြေးဘတ် ငါးသန်းပေးသွင်းသော အေဂျင်စီ ၁၂၂ ခုနှင့် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရ (ထိုင်း)အေဂျင်စီ ၉၉ ခုတို့ဖြင့် ချိတ်ဆက် ဆောင်ရွက်ကာ မြန်မာအလုပ်သမားများအား တရားဝင် စေလွှတ်လျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ရရှိရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ၊ အလုပ်သမားရေးရာ ကိစ္စများ ကူညီဆောင်ရွက်ပေးရန် မြန်မာအလုပ်သမား အများဆုံး အလုပ်သွားရောက်လုပ်ကိုင်ရာ ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ တစ်ဦးကို၂ဝ၁၁ ခုနှစ်မှစတင်၍ တာဝန် ပေးအပ်ခဲ့ပြီး ယခုအခါ အလုပ်သမားသံအရာရှိ ငါးဦးနှင့် စကားပြန်တစ်ဦးတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အလုပ်သမား ရေးရာကိစ္စများကို ဆောင်ရွက်ညှိနှိုင်းပေးလျက်ရှိကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အထောက် အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂ဝဝ၉ ခုနှစ် စက်တင်ဘာမှ စတင်၍ နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့တို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ အထောက်အထားများကို ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အထောက် အထားများထုတ်ပေးရာတွင် ချောမွေ့လျင်မြန်စွာ ဆောင်ရွက် နိုင်ရန် ရည်ရွယ်ကာ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလတွင် ရနောင်းစခန်းအား ထပ်မံဖွင့်လှစ်ခဲ့ပြီး၂ဝ၁၂ ခုနှစ် မတ်လမှ စတင်ကာ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများ ဆုံး အလုပ်လုပ်ကိုင်လျက်ရှိသော ဗန်ကောက်၊ စမုစခွန် (မဟာချိုင်)၊ စမုပရာကန်၊ စူရတ်ဌာနီ၊ ချင်းမိုင်နှင့် ရနောင်းမြို့ များတွင်လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှ စ၍ ပထုန်ဌာနီ၊ ကန်ချနဘူရီ၊ ချင်းရိုင်၊ တပ်ခ်၊ လရောင်၊ ခွန်ခမ်း နှင့် ဆောင်ခလာမြို့များတွင်လည်းကောင်း အထောက်အထား များ ထုတ်ပေးနိုင်ရေးအတွက် စခန်းများ တိုးချဲ့ဖွင့်လှစ်ဆောင် ရွက်ခဲ့ရာ ၂ဝဝ၉ ဇူလိုင်လမှ ၂ဝ၁၃ သြဂုတ်လအထိ မြန်မာ အလုပ်သမား ၁၆၈ဝ၅၅၆ ဦးအား ယာယီနိုင်ငံကူးလက်မှတ် များ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်တွင် မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့ များ၌ ဖွင့်လှစ်ထားသော One Stop Service Center များမှ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် အလုပ်သမားသက်သေခံ ကတ်လာရောက်လျှောက်ထားသော အလုပ်သမားများအား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးလျက် ရှိရာ ၂ဝ၁၄ မတ်လမှ ၂ဝ၁၆ ဇွန်လအထိ အလုပ်သမား ၅၇၅၅၄၄ ဦးအား ဆောင်ရွက်ပေးခဲ့သည်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် နိုင်ငံသား အထောက် အထား တင်ပြနိုင်သည့် အလုပ်သမားများအတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၌ သာမန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ်ကို ၂ဝ၁၄ ခုနှစ် မတ်လတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၇ ခုနှစ် နှစ်ကုန်အထိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၆၆၁၅၉ ဦးကို ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်း ဦးဝင်းရှိန်က ပြောသည်။
နိုင်ငံသားအထောက်အထား တင်ပြနိုင်ခြင်းမရှိသော မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးခြင်းကိုစမုစခွန် (မဟာချိုင်)၁ နှင့် ၂ ၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ချင်းမိုင်၊ နခွန်စဝမ်နှင့် ဆောင်ခလာမြို့တို့တွင် စခန်းများ ဖွင့်လှစ်ပြီး ၃-၂ဝ၁၇ ခုနှစ် မတ်လမှ စတင်၍လည်းကောင်း၊ မြန်မာအလုပ်သမားအများ အပြားရှိသော ပထုန်ဌာနီနှင့် နွမ်ထဘူရီမြို့တို့တွင် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှစတင်၍ Mobile Team ဖြင့် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာအလုပ်သမား ၉၂၂၅၇၇ ဦး ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရှိရသည်။
နားလည်မှုစာချွန်လွှာအရမြန်မာ - ထိုင်းနှစ်နိုင်ငံအလုပ် သမားရေးရာ ကျွမ်းကျင်သူများအစည်းအဝေးနှင့် ပြည်ထောင်စု ဝန်ကြီးအဆင့် အစည်းအဝေးများကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် အလှည့်ကျကျင်းပခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့နှင့် လေးကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးဆောင် သောအဖွဲ့နှင့် တစ်ကြိမ်ကျင်းပကာ အလုပ်သမားရေးရာ ကိစ္စများကို နှစ်နိုင်ငံတာဝန်ရှိသူများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်ရတနာ

No comments:

Post a Comment