Friday, February 9, 2018

သြစတြေးလျအစိုးရမှ တိုက်ရိုက်ချီးမြှင့်သော ပညာသင်ဆု (Australia Awards Scholarships) 2019 Intake နှင့် စပ်လျဉ်းသည့် ဟောပြောပွဲကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၉
သြစတြေးလျအစိုးရမှ တိုက်ရိုက်ချီးမြင့်သော ပညာသင်ဆု (Australia Awards Scholarships) 2019 Intake နှင့် စပ်လျဉ်းသည့် ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Lake Garden ဟိုတယ်၌ ကျင်းပသည်။

ဟောပြောပွဲတွင် ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ Scholarship Consultant Anna Greble နှင့် Senior Program Officer မဇာနည်ဝင်းတို့က Australia Awards Scholarships 2019 Intake နှင့်ပတ်သက်ပြီး စိတ်ဝင်စားသူတိုင်း Master Level ဘာသာရပ်များကိုလျှောက်ထားနိုင်မှု၊ မိမိရွေးချယ်လိုသည့် ဘာသာရပ်နှင့်စပ်လျဉ်းပြီး သင်ကြားမည့် ကျောင်းများ အား စုံစမ်းကာ ကိုယ်တိုင်ရှာဖွေ လျောက်ထားနိုင်မှု၊ Scholarships လျှောက်ထားသည့်အခါတွင် IELTS , TOEFL ရမှတ် သတ်မှတ်ထားခြင်းမရှိမှု၊ အင်တာဗျူး အောင်မြင်ပြီးပါက သြစတြေးလျပညာသင်ဆု ရရှိနိုင်မှု၊ ကျောင်းတက်ရောက်ခွင့် ရသူများအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၉ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတို့တွင် သြစတြေးလျနိုင်ငံတွင် စတင်သင်ကြားနိုင်မည့် အခြေအနေ၊ Scholarships program တက်ရောက်နိုင်ရန် Online မှလျှောက်ထားရမည့် နည်းလမ်းများနှင့် လျှောက်လွှာတွင်ရေးဖြည့်ရမည့် နည်းလမ်းများကို စိတ်ဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ သြစတြေး လျသံရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပြီး အဆိုပါ သံရုံး Webside ဖြစ်သည့် http://myanmar.embassy.gov.au ၌ ၀င်ရောက်လေ့လာကြည့်ရှုနိုင်ခြင်းတို့ကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းကြ သည်။
Australia Awards Scholarships ပညာသင်ဆုနှင့်စပ်လျဉ်းသည့် လျောက်လွှာ များကို ဖေဖော်ဝါရီ ၁ ရက်မှ စတင် လက်ခံလျက်ရှိပြီး  ဧပြီ ၃၀ ရက်အထိ လက်ခံသွား မည်ဖြစ်ကာ ယခုကဲ့သို့ ဟောပြောပွဲ ( Information Session) များကို မန္တလေးရှိ Hotel Mandalay ၌ ဖေဖော်ဝါရီ ၁၁ ရက် တွင်လည်းကောင်း၊ တောင်ကြီးမြို့ရှိ Royal Taunggyi ၌ ဖေဖော်ဝါရီ ၁၂ ရက် တွင်လည်းကောင်း ရှင်းလင်း ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)Top of FormBottom of For

No comments:

Post a Comment