Tuesday, January 23, 2018

မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေကိစ္စရပ်များ ဆွေးနွေး

မြစ်ကြီးနား ဇန်နဝါရီ ၂၃
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည် ယနေ့နံနက် (၁၀) နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ရေးဆွဲရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME ချေးငွေကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးများက ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ်အတွင်း ရှိစီးပွားရေးဖွံ့ဖြိုးရေး ဇုန်စီမံကိန်း ကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားဖွံ့ဖြိုး ရေးဇုန်စီမံကိန်း၊ ဘက်စုံပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ရှင်းလင်းတင်ပြပြီး  မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေး ဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အကြံပြုချက်စာတမ်းကို ဘက်စုံပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းညွန့်က ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက  ဆွေးနွေးချက်များ နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့၊ နန်ကျင်ရပ်ကွက်ရှိ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန် စီမံကိန်း မြေနေရာကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment