နေပြည်တော်၊ ဇန်နဝါရီ (၁၂)
စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် POSCO Daewoo Myanmar Corporation Ltd.၏
Managing Director, Mr. Won Yoo-Joon နှင့်
TTCL Public Co., Ltd. ၏ President , Mr. Hironobu Iriya တို့အား ဇန်နဝါရီ
(၁၁) ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီ တွေ့ဆုံသည်။
POSCO
DaewooMyanmar Corporation Ltd.နှင့် တွေ့ဆုံစဉ် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
တွင် အကျိုးတူပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ Steel Industry ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
သက်ဆိုင်ရာနယ်ပယ်မှ အသိပညာရှင်/ အတတ်ပညာရှင်များ ပါဝင်သောဆွေးနွေးပွဲတစ်ရပ်ကျင်းပပြီး
ရှေ့ဆက် ဆောင်ရွက်သင့်သည့်လုပ်ငန်းအစီအစဉ်နှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး၊
SKD စနစ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်မည့် Automobile Plant ထူထောင် နိုင်ရေးနှင့်
မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲ ကိစ္စရပ်များ ကိုလည်းကောင်း။
TTCL
Public Co., Ltd.နှင့် တွေ့ဆုံရာတွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းအမျိုးမျိုးမှ
ထွက်ရှိလာသောစွန့်ပစ်ရေများကိုပြန်လည် သန့်စင်ရန်အတွက် Central Waste Water
Treatment Plant များ ပူးပေါင်းတည်ဆောက်နိုင်ရေး၊ စက်ရုံ/ အလုပ်ရုံများ၏ ရေအရင်းအမြစ်
သုံးစွဲမှုနှင့် ရေဆိုးစွန့်ထုတ်မှုတို့ကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်မည့်Online
Monitoring Control System များ တပ်ဆင် အသုံးပြုရာတွင်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြ
ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment