Friday, January 12, 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးသို့ တက်ရောက်




ဇန်နဝါရီ ၁၂
စင်ကာပူနိုင်ငံ၊  Crowne Plaza Changi Airport ဟိုတယ်၌ ဇန်နဝါရီ ၁၁ ရက်တွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း နှင့်အဖွဲ့ အပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် အဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အရာထမ်းများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ် ညှိနှိုင်း နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများ၏ ရပ်တည်ချက်များ၊ ထိုင်းနိုင်ငံ၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ၏ တတိယ အကြိမ် အာဆီယံနိုင်ငံများ သီးသန့်ကြားဖြတ်ညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များနှင့် စင်ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပမည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၏ စတုတ္ထအကြိမ် ကြားဖြတ် ညှိနှိုင်းအစည်း အဝေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအား ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment