နေပြည်တော်၊
ဇန်နဝါရီ ၁၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိ ကန်ပြည်ထောင်စု၊
ရိုဒ့်အိုင်းလင်းပြည်နယ် အခြေစိုက် Brown University မှ သံတမန်ရေးရာနှင့် နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ
ပါမောက္ခ၊ သံအမတ်ကြီး Mr. Richard Boucher ခေါင်းဆောင်ပြီး
၊ စီးပွားရေးနှင့် လူမှုရေးပညာရှင်များ၊
လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာ/ဆရာမများ
ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်(၃၄)ဦးတို့အား ယနေ့ (၁၁၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှု များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:
Post a Comment