နေပြည်တော်
ဇန်န၀ါရီ ၁၇
အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နေပြည်တော်၌ ဇန်နဝါရီလ
၁၇ ရက်နှင့် ၁၈ရက်တို့တွင် ကျင်းပပြုလုပ်မည့် Third Stakeholder Forum Labour Law
Reform and Institutional Capacity Building သို့ တက်ရောက်ရန် ရောက်ရှိနေသည့်
International Labour Organization –ILO ၏ စီမံခန့်ခွဲမှုနှင့် ပြုပြင်ပြောင်းလဲရေး
ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines အား ယနေ့ ၁၄း၃၀ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်
မြန်မာနိုင်ငံနှင့် ILO တို့အကြား ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ Decent
Work Country Programme (DWCP) ကိစ္စနှင့် Supplementary Understanding (SU) and
Action Plan on Force Labour တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း
သိရှိရပါသည်။
အဆိုပါတွေ့ဆုံပွဲသို့
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

No comments:
Post a Comment