Wednesday, January 17, 2018

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စက်တူနယ်တီးနပ်စ်အား တွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၁၇
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စက် တူနယ်တီးနပ်စ်ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်အရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment