Tuesday, January 23, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E.Ms. Vanessa Chan နှင့် French Communications အဖွဲ့မှ ကျွမ်းကျင်ပညာရှင် (၂) ဦးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်န၀ါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E.Ms. Vanessa Chan နှင့် French Communications မှ ကျွမ်းကျင်ပညာရှင် (၂) ဦးဖြစ်သော Ms. Florence Bonetti နှင့် Mr. Henri Clelorme တို့အား ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

စင်ကာပူသံအမတ်ကြီး H.E.Ms. Vanessa Chan နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံစာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် စာကြည့်တိုက်များအား Community Centers, Community Libraries များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ၊ လူမှုမီဒီယာများတွင် အမုန်းစကား (Hate Speech) ရေးသားဖြန့်ဝေမှုများနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ၏ ဖြေရှင်းဆောင်ရွက်ပုံ နည်းလမ်းများ၊ နှစ်နိုင်ငံမီဒီယာကဏ္ဍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
French Communications မှ ကျွမ်းကျင်ပညာရှင် (၂) ဦးနှင့် တွေ့ဆုံစဉ် ပြည်သူ့ဆက်ဆံရေး (Public Relations–PR) ကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းများနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေနွေးကြ သည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment