နေပြည်တော် ဇန်နဝါရီ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး
H.E. Mr. Daniel Zonshine နှင့်အတူ Ramat Negev International Training Program ၏ ညွှန်ကြားရေးမှူး
Mr.Alon Melchior နှင့် Jacob Blaustein Institutes for Desert Research မှ Prof.
Avigid Vonshak ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီက ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်၌
တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံလယ်ယာကဏ္ဍ
ဖွံ့ဖြိုးရေးအတွက် နည်းပညာပူးပေါင်း ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရန်၊
မြန်မာနိုင်ငံ အပူပိုင်းဇုံဒေသတွင် စိုက်ပျိုးရေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ
အကူအညီနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ သီးနှံစံပြစိုက်ခင်း
(Demonstration Farm) များ လက်တွေ့ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment