နေပြည်တော် ဇန်နဝါရီ
၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်အား
ယနေ့ညနေ ၄ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၈ခုနှစ်၊
နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပ
ပြုလုပ်မည့် ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ဆိုင်ရာ ကုန်စည်ပြပွဲ (1st China
International Import Exposition) သို့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ
ပါဝင်ပြသနိုင်ရေး၊ မြန်မာ - တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်
အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment