Tuesday, January 23, 2018

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း ဂျပန်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဌာန၊ နိုင်ငံတကာရေးရာ ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Seiji TAKAGI ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ

နေပြည်တော် ဇန်န၀ါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ဂျပန်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဌာန၊ နိုင်ငံတကာ ရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Seiji TAKAGI ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက် (၁၁) နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်နေရသည့် မီဒီယာစိန်ခေါ်မှုများ၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Internal Affairs and Communications - MIC) တို့ ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် " Capacity Building Project " နှင့်ပတ်သက်၍ စာချုပ်လက်မှတ် ရေးထိုးနိုင်ရေးအခြေအနေ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ ဂျပန်နိုင်ငံ သို့ လေ့လာရေးခရီး သွားရောက်နိုင်ရေး၊ ရုပ်သံလွှင့်မီဒီယာဥပဒေ ပြင်ဆင်ရေးဆွဲဆောင်ရွက်နေမှု အခြေအနေ၊ ရုပ်သံလွှင့် ကဏ္ဍတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment