နေပြည်တော်
ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီခွဲက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ၊ အစည်းအဝေး ခန်းမတွင် ကျင်းပရာ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်
အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
ကော်မတီဖွဲ့စည်းပြီး လေးလပြည့် မြောက်ပြီဖြစ်သောကြောင့် လုပ်ဆောင်ချက် များကို ပြည်သူသို့
အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း ၊ စုံစမ်းစစ်ဆေးရေး
ကော်မရှင်နှင့် အကြံပြုချက် ကော်မရှင်တို့၏ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်
ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ သဘောထားနှင့် ခံစားမှုများကို
အကောင် အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း။
ကော်မတီအကြံပေး
အဖွဲ့ကို ပြည်ပပညာရှင် (၅)ဦးနှင့် ပြည်တွင်းပညာရှင် (၅)ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မတီ၏
လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြံပြု ပေးကြမည်ဖြစ်ပါကြောင်း
၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခက်ခဲနှောင့်နှေးမှုများ ရှိနိုင်သည့်အပေါ် အကြံပေးအဖွဲ့မှ
အကြံပြုချက်များနှင့် ချိန်ညှိဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည်
နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရမည်များကို အကြံပြုထားခြင်း ဖြစ်ပြီး မိမိတို့ကော်မတီသည်
ထိုအကြံပြုချက်များကို နိုင်ငံတော်ကိုယ်စား ၀န်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊
အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန် ထိရောက်သော အကြံဉာဏ်များ
ရယူရမည်ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်
စပ်လျဉ်း၍ နိုင်ငံတကာမှ ဖိအားများ များပြားပါကြောင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများသည်
ရခိုင်ပြည်နယ် တစ်ခုလုံးဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဒေသနေနှစ်ဖက်အဖွဲ့အစည်း
သဟဇာတ မဖြစ်သော နေရာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရင်း သဟဇာတ ဖြစ်သွားနိုင်သည်များ
ရှိသကဲ့သို့ သဟဇာတ ဖြစ်အောင် ဆောင်ရွက်ပြီးမှ လုပ်ငန်းများ လုပ်ဆောင်နိုင်သည်များလည်း
ရှိနိုင်ပကြောင်း၊ နှစ်ဖက်လူမှု အဖွဲ့အစည်းများအကြား အစွဲအလမ်းများ၊ မယုံကြည်မှုများ
ပြင်းထန်ကြောင်း၊ အကြောက်တရား များလည်းရှိကြောင်း၊ ယင်းအကြောင်းတရားများသည် လုံခြုံမှုနှင့်
ဆက်စပ်နေခြင်းကြောင့် လူမှု အဖွဲ့အစည်း နှစ်ခုစလုံး လုံခြုံမှုခံစား ရအောင် လုပ်ဆောင်ပေးရန်
လိုအပ်ပကြောင်း။
အကောင်အထည်ဖော်မှုတိုင်းတွင်
လုံခြုံရေး တာဝန်ယူရသော အဖွဲ့အစည်းများနှင့် ညှိနှိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊
နိုင်ငံတကာမှ အမြင်များတွင် ရခိုင် တိုင်းရင်းသားများ၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားမှုပြုရေး
ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း ၊ ကော်မတီ၏ လုပ်ဆောင်ချက် သတင်းစကားများကို ရခိုင်ပြည်နယ်အတွင်း
နေထိုင်သူလူမှု အဖွဲ့အစည်း နှစ်ခုစလုံးသိရန် လိုအပ်ကြောင်း ၊ အဖွဲ့အစည်းများ၏ ခေါင်းဆောင်သူများထဲမှ
ပြင်းထန်သော ခံစားမှုများ၏ အကျိုးဆက်များကို ကျော်လွှားနိုင်ပြီး သတင်းစကားအား အများသိရှိအောင်
ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍
ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးညီပု လေးလတစ်ကြိမ် ထုတ်ပြန်ပေးရမည့်
အစီရင်ခံစာ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် အကောင်းဆုံး ပြုစုဆောင်ရွက်နိုင်မည်ဟု
မျှော်လင့်ပါကြောင်း၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် လက်တွေ့ ဆောင်ရွက်သည့် အောက်ခြေအဆင့်အထိ
လုပ်ငန်းများ အချိတ်အဆက် မိမိဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊
ကော်မတီ၏ အကြံပြုချက်များအပေါ် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင် အကြံပေးအဖွဲ့၏
အကြံဉာဏ်များဖြင့် ပေါင်းစပ် ဆောင်ရွက်မှုသည် လုပ်ငန်းများ အောင်မြင်ရေးအတွက် လွန်စွာအရေးပါပါကြောင်း
၊ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနော်
အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဝန်ကြီး ဌာနအလိုက် အကြံပြုချက်များအပေါ်
ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်သူသို့ လေးလတစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်ရေး ကိစ္စများကို
ဆွေးနွေးကြပြီး ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment