နေပြည်တော်
ဇန်နဝါရီ ၁၇
ပြည်ထောင်စုရှေ့နေချုပ်
ဦးထွန်းထွန်းဦးသည် အမေရိကန်နိုင်ငံ သံအမတ်ကြီးH.E Mr. Scort Marciel ၊ အီတလီနိုင်ငံ
သံအမတ်ကြီး H.E Mr. Pier Giorgio Aliberti နှင့် ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး H.E
Mr. Khristian Schmidt တို့အား ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
သံတမန်ခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။
အမေရိကန်နိုင်ငံ
သံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ဥပဒေအရာရှိ အချို့ကို ရွေးချယ်၍ နိုင်ငံဖြတ်ကျော် မှုခင်းများနှင့်
သက်ဆိုင်သည့် အမှုလိုက်ဆိုင်ရာ အထူးသင်တန်းများ ပို့ချပေးရေးကိစ္စ၊ USAID နှင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသော
ရှေ့ပြေးဥပဒေရုံး များ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရေး ကိစ္စ၊ အမျိုးသမီးများအပေါ်
အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ဆိုင်ရာကိစ္စ တို့ကို ဆွေးနွေးသည်။
အီတလီနိုင်ငံ
သံအမတ်ကြီး နှင့်တွေ့ဆုံစဉ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက်
ဥပဒေမူဘောင်များ ရှင်းလင်း လွယ်ကူစေရေးနှင့် တရား ဥပဒေစိုးမိုးမှု တိုးတက် ကောင်းမွန်လာရေးကိစ္စ၊
ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေများ ကို စိစစ်အကြံဉာဏ်ပေးရာတွင် ဒီမိုကရေစီစံနှုန်းများကို
အလေးထားထည့်သွင်း စဉ်းစား နိုင်ရေးကိစ္စတို့ကို ဆွေးနွေးသည်။
ဥရောပသမဂ္ဂဆိုင်ရာ
သံအမတ်ကြီး နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများတွင်
EU က ပိုမိုပံ့ပိုးကူညီနိုင်မည့် လုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ
အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်မှုများ၊ EU ၏ အထောက်အပံ့ဖြင့်
MyJustice အဖွဲ့က ဆောင်ရွက်နေသော တရားမျှတမှုစင်တာများနှင့် ဥပဒေအထောက်အကူပေးရေး လုပ်ငန်းများ၊
ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြားလုပ်ငန်း နယ်ပယ်များ၊
ဥပဒေစိစစ် အကြံဉာဏ်ပေးရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း
သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment