Wednesday, January 17, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၊ ဒုတိယ ညှိနှိုင်း ကွပ်ကဲရေးမှူးတို့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၁၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနှင့် တရုတ်နိုင်ငံအကြား ၂+၂ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသည့် တရုတ်နိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr. Kong Xuanyou နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး Maj-Gen. Shao Yuan Ming တို့အား ယနေ့ ၀၉း၄၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံ တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပ သွားနိုင်ရေး ကိစ္စ၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည် ဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

No comments:

Post a Comment