နေပြည်တော်၊ ဇန်န၀ါရီ ၂၀
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များတွေ့ဆုံပွဲကို
ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်
အမှုဆောင်အဖွဲ့ဝင်များ၊ ဟိုတယ်ဇုန် ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး
တိုးတက် ရေးဗဟိုကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန်ရှိသည် များအပေါ်သက်ဆိုင်ရာ
ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများရှိသကဲ့သို့
ပုဂ္ဂလိက အသင်းအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက် ရမည့်အပိုင်းများလည်း ကျန်ရှိသည်ကိုတွေ့ရှိရပါကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
အကောင်အထည်ဖော်ရာတွင် အစီအမံများ စနစ်တကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်
ရန်ရန်ပုံငွေ ရရှိရေး သည်လည်းလိုအပ်ပါကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးရန်ပုံငွေများ
စနစ်တကျကောက်ခံစုစည်းရေး၊ ထိန်းသိမ်း ရေး၊ ထုတ်ယူ သုံးစွဲရေးနှင့် ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းစဉ်များကို
စနစ်တကျ အကျိုးရှိရှိ စိစစ်ဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေများသည်
နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် သာမက ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်သူ အားလုံးအပေါ်
အချိုးကျကျ အကျိုးအမြတ် ရရှိစေပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် Sensitive ဖြစ်သည့်အတွက်
ဝင်ငွေပုံမှန် ရရှိရန် အခြေအနေကောင်းများနှင့် ပတ်ဝန်းကျင် ကောင်းများ ရှိနေရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံရှိဟိုတယ်များ၏ အခန်းခဈေးနှုန်းများသည့်
အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကြီးမြှင့် နေသည်ဟုသိရပါကြောင်း ၊
ထိုသို့ဈေးနှုန်းကြီးမြင့်မှုသည် ဟိုတယ်အခန်းများနှင့် တည်းခိုသည့် ခရီးသည်အရေအတွက်
အချိုးမမျှတ၍လည်း ဖြစ်နိုင်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်ကိုပြန်လည် သုံးသပ်နိုင်ရေးအတွက်
ဇုန်အလိုက် ဟိုတယ်များနှင့်တည်းခိုရိပ်သာများ၏ အရေအတွက်နှင့် အခန်းများ တည်ရှိမှု၊ ခရီးသည်လာ
ရောက်တည်းခိုမှု၊ အခန်းများပိုမိုမှု(သို့မဟုတ်) အနာဂတ်ခရီးသည် လာရောက် တည်းခိုမှု အလားအလာနှင့်
ဟိုတယ်များ ထပ်မံဖွင့်လှစ်ပေးသင့်သည့်အစီအစဉ်များကိုဇုန်အလိုက် စိစစ်မှု များပြုလုပ်၍
တင်ပြစေလိုပါကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်လိုအပ်သည့်
Tourism Related Infrastructure များ၊ ဟိုတယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးရင်းနှီး
မြှုပ်နှံသွားနိုင်ကြရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာစေရေးအတွက်
ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်ရန် တိုက်တွန်းလိုပါကြောင်း။
ငပလီ၊ ငွေဆောင်နှင့် ချောင်းသာဒေသများသည်
ပင်လယ်ကမ်းခြေကို အမှီပြု၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ရခြင်းဖြစ်သည့်အတွက်
ပင်လယ် နှင့်အနီးအဝေး ကွာခြားချက်များ အလိုက် ဟိုတယ်များမည်သို့ တည်ဆောက်ကြသည်ကို အခြားနိုင်ငံများဆောင်ရွက်နေသည့်နမူနာများ
ကိုလေ့ လာ၍ စံနှုန်းများနှင့်အကြံပြုချက်များ ကို ပြုစုပြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်
ပူးပေါင်း ဆောင်ရွက်စေလိုပါ ကြောင်း။
ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအနေဖြင့်
ခရီးသည်များနှင့် ဒေသခံများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုံခြုံရေးသတိအစဉ်ထား၍ သက်ဆိုင်ရာနှင့်
ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက
Tourism Plan များရေးဆွဲရာတွင်လည်း ပါဝင်ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းပြောကြားသည်
။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များနှင့် မိတ်ဆက်တင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း
ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင် က မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ သမိုင်းကြောင်း၊
ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဟိုတယ်ဇုန် ဥက္ကဋ္ဌများ က ဇုန်အလိုက်ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်
ရေးဆိုင်ရာများနှင့် ထပ်မံတိုးချဲ့သင့်သည့် ခရီးစဉ်ဒေသများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း
ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးကြည် က ဟိုတယ်များ၌ လိုအပ်သောယစ်မျိုးလိုင်စင်ကိစ္စရပ်၊
Wellness and Spa လိုင်စင်ကိစ္စရပ်၊ ခရီးသွား အခွန်ကောက်ရေး ကိစ္စရပ်နှင့် ဟိုတယ်သင်တန်းများ
ထိရောက်စွာဖွင့်လှစ်ပေးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ပေးသည်။
ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြ
သူများနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
No comments:
Post a Comment