Sunday, January 21, 2018

အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၌ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပဒေသာ ကပွဲများဖြင့် ဖျော်ဖြေတင်ဆက်


နေပြည်တော် ဇန်န၀ါရီ ၂၀
အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)၌ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန  အနုပညာ ဦးစီးဌာနက အနုပညာရှင်များက တင်ဆက်သည့် ပဒေသာ ကပွဲများကို ယနေ့ နံနက် ၁၀ နာရီမှ စတင် ဖျော်ဖြေ တင်ဆက်သည်။

ပဒေသာကပွဲ နံနက်ပိုင်းတွင် အနုပညာရှင်များက ကောင်းချီးသိင်္ခါနန်းတွင်း  ယိမ်းအက၊ ကြံတိုင်း အောင်ပါစေ ယိမ်းအက၊ ကမျိုးကိုးလီ န၀ရတ်စီယိမ်းအက၊ မကိုဋ်လေး ကောက်ယိမ်းအက၊ ကချင် တိုင်းရင်းသား ရိုးရာအက၊ ကယား တိုင်းရင်း သားရိုးရာအက၊  ရုပ်သေး(ဟိမ၀န္တာခန်း)(မြင်း၊ မျောက်၊ ဘီလူး၊ ဇော်၊ ဆင်)၊ အက ပန်းချီးယိမ်း အက၊ ခြေကအလှမြူး ကြွကြွယိမ်းအက၊ ပုဂံယိမ်းအက၊ မွန်ဟင်္သာ ယိမ်း အကတို့အပြင်  တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
အလားတူ မွန်းလွဲပိုင်းတွင် ချင်းတိုင်းသားရိုးရာ ၀ါးညှပ်အက၊ ရုပ်သေးအစီအစဉ်( သူငယ်တော်၊  ဦးရွှေရိုး +ဒေါ်မိုး၊ ရုပ်သေးနှစ်ပါးသွားအက)၊ ခေတ်ဗြောစုံတွဲယိမ်းအက၊ ပြည်ထောင်စု အင်အားယိမ်းအက၊ ခုနှစ် ထွေအက၊  ကရင်တိုင်းရင်းသားရိုးရာဒုံးအက၊ တူနှစ်သွယ်နှစ်ပါးသွား အက၊  ရခိုင်တိုင်းရင်းသား အက၊ ရှမ်း လက်ဖက်ခူးယိမ်းအက၊ အငြိမ့်အစီအစဉ် (ရှေ့ထွက်မင်းသမီး-ခိုင်ဇာဖြိုး၊ ခေါင်းဆောင်မင်းသမီး -စန်းနီလာဝင်း)၊ လူရွှင်တော်များ- ကုလားမ၊ ငွေတိုး၊ စာကလေး၊ လမုန့်)တို့နှင့် တေးသံသာများဖြင့် သီဆို ကဖျော်ဖြေကြသည်။
ယခုပဒေသာအကဖျော်ဖြေတင်ဆက်မှုများကို အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၌် လစဉ် သီဆိုကပြဖျော်ဖြေတင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
အကပဒေသာဖျော်ဖြေတင်ဆက်မှုများကို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး လာရောက်ကြည့်ရှုကြ သူများ အား သွားလာရေးအဆင်ပြေစေရန် နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် အမျိုးသား အထိမ်း အမှတ် ဥယျာဉ်(နေပြည်တော်)သို့ မော်တော် ယာဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နေပြည်တော်သို့ ၀င်ရောက်လေ့လာလိုကြ သည့် ၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပရဟိတကျောင်းများမှ လူငယ်များ နှင့် ကလေးငယ်များအား ပုံမှန်ဝင်ကြေး လူကြီး ၁၀၀၀ ကျပ်နှင့် ကလေး ၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း ယနေ့တွင် ၅၀ ရာခိုင်နှုန်း လျော့ချ ပေးထားကြောင်း သိရ သည်။
ယင်းဖျော်ဖြေပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ၀န်ကြီးဌာနများမှ ၀န်ထမ်းများ၊ ရေဆင်း သစ်တော တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိမြို့နယ် များမှပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ  ခရီးသွား ပြည်သူ များတက်ရောက်အားပေးကြည့်ရှုကြသည်။

(သတင်းစဉ်) 

No comments:

Post a Comment