Sunday, January 7, 2018

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ထန်းတပင်မြို့ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ထု ဖွင့်ပွဲ တက်ရောက်



ထန်းတပင်၊ ဇန်နဝါရီ ၆
ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ထု ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ထန်းတပင် မြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီ တွင်  ကျင်းပရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ အခမ်းအနားကို  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး နှင့် ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ထုကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး  အဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ် က  အမှာစကား ပြောကြားပြီး ထန်းတပင် မြို့နယ် ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီမှ ကိုယ်စားလှယ် ဦးသောင်းကြိုင် က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။
အဆိုပါ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ထုသည် အမြင့် (၈) ပေ ၊ ကြေးပိဿာချိန် (၁၅၀) ကျော် ရှိပြီး ဒေသခံပြည်သူများ၊ အလှူရှင်များ ထည့်ဝင် လှူဒါန်းငွေ ကျပ် (၃၂၅၄၄၇၀၀) ဖြင့် ထန်းတပင်မြို့နယ် သီရိမင်္ဂလာ ခန်းမရှေ့ အကျယ် ပေ (၇၀' x ၄၅') ရှိ ဗိုလ်ချုပ်ရင်ပြင်၌ ထားရှိ ထားကြောင်း သိရသည်။
ထန်းတပင် (ပြန်/ဆက်)

No comments:

Post a Comment