Sunday, January 28, 2018

မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်ခြင်းနှင့် လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်‌ လူမှု ကာကွယ် စောင့်‌ရှောက်ရေးလုပ်ငန်းများပြည်သူအကြား ကွင်းဆင်းဆောင်ရွက်


မကွေး ဇန်န၀ါရီ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် သည် ဇန်နဝါရီ ၂၇ ရက်တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည့် မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် မင်းဘူးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားလျှက်ရှိသော မင်းဘူးမြို့နယ် ကျေးရွာ (၅) ရွာမှ သင်တန်းသူမိခင်များနှင့်‌ပံ့ပိုးသူများအဖွဲ့ကို မွန်းလွဲပိုင်းတွင် သွား‌ရောက် တွေ့ ဆုံသည်။

ထို့နောက် ကျေးရွာသူရွာသားများက လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးကြပြီး ကျေးရွာစာကြည့်‌တိုက်မှူးမှ စာကြည့်‌တိုက်အတွက် စာအုပ်များလို အပ်နေကြောင်း တင်ပြရာ ဒုတိယဝန်ကြီးက ဗဟု သုတဖြစ်ဖွယ် စာအုပ်များဝယ်ယူဖြည့်‌တင်းရန် အတွက်ကျပ် (၂) သိန်းကို လှူဒါန်းခဲ့ပြီးကျေးရွာ အတွင်းပြုပြင်ပြီး လူနေအိမ်များနှင့်‌ ထပ်မံပြင်ဆင်ပေးရန် လိုအပ်သော လူနေအိမ်အချို့အားတာဝန်ရှိသူများနှင့်‌အတူကြည့်‌ရှု၍ ထပ်မံစိစစ် ထောက်ပံ့နိုင်ရေး စီစဉ် ဆောင် ရွက်ပေးသည်။  
ယနေ့ နံနက်ပိုင်းတွင် ဒုတိယ၀န်ကြီး ဦးစိုးအောင်သည် ပွင့်ဖြူမြို့နယ် ကပြည့်ကျေးရွာသို့ သွား ရောက်ခဲ့ရာ ရပ်ရွာ လူထုနှင့် တွေ့ဆုံ၍ သဘာဝကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာလူထု၏ဆွေးနွေးတင်ပြချက်အရ ဒုတိယ၀န်ကြီးက အသက် (၉၀) နှင့် အထက် အဖွား (၅) ဦး အတွက် သက်ကြီးလူမှုရေး ပင်စင်များထောက်ပံ့ခဲ့သည်။ ထို့အပြင် ကျေးရွာအုပ်စုအတွင်း ဆင်းရဲနွမ်းပါးသော အမျိုးသမီးအိမ်ထောင်ဦးစီးများ ရင်းနှီးလုပ်ကိုင် ရောင်း ၀ယ်ဖောက်ကား ရန်အတွက် ရင်းနှီးမတည်ငွေအဖြစ် အရင်း မပျောက် မတည် ထောက်ပံ့ငွေ ကျပ် (၆) သိန်းအားကျေးရွာ အုပ်ချုပ်ရေးမှူးသို့လည်းကောင်း၊ အသက် (၇၀/၈၀) ကျော် အဖွား (၂) ဦး ဆေးဝါးကုသရန် ထောက်ပံ့ငွေများအားထောက်ပံ့ပေးခဲ့ပြီးရှေးဦးအရွယ် ကလေး သူငယ်များပြုစု စောင့်ရှောက်ပေးသည့် မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်ဆောင် ရွက်ပေးခဲ့ ပြီး ‌လေ‌ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက်  ကျေးရွာအတွင်းလှည့်‌ လည်ကြည့်‌ရှု၍ ကြို တင်ပြင်ဆင်ရန် ထပ်မံ‌ဆောင်ရွက် ရမည့် လုပ်ငန်းများကိုကျေးရွာလူထုနှင့်‌  ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment