Sunday, January 28, 2018

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း၏ (၂၂) ကြိမ် မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်


နေပြည်တော် ဇန်နဝါရီ  ၂၈ 
မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း၏  (၂၂) ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ညီနောင် အသင်းများမှ ဥက္ကဋ္ဌနှင့် အမှုဆောင်နှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်း ရှင်အသင်းသူ /အသင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။
ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အဆောက် အအုံများ မြှင့်တင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထု တို့မှလည်း တာဝန်ကိုယ်စီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခြေခံကျသော အခက်အခဲများကို ရှာဖွေစိစစ်၍ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည့် (၅၀၀၀) မဂ္ဂါဝပ်ကို စနစ် တကျစီမံခန့်ခွဲပြီး ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်နှင့် Frequency နှင့် Voltage တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပြည်တွင်းသဘာဝဓာတ်ငွေ့လိုအပ်မှုကြောင့် အချို့သော သဘာဝဓာတ်ငွေ့ အသုံးပြုသည့် စက်ရုံ များမှ စက်စွမ်း အားပြည့်မလည်ပတ်နိုင်ပါကြောင်း၊ သဘာဝဓာတ် ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် ရေတိုနှင့် အလယ်အလတ်ကာလအတွင်း LNG တင်သွင်း၍ ဓာတ်အားပေး စက်ရုံများ တည်ဆောက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ထို့အပြင် ဓာတ်အားပို့လွှတ်ဖြန့်ဖြူပေးနေသည့် မဟာဓာတ်အားလိုင်းကြီးများကို အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မှီမဟာဓာတ်အားလိုင်းကွန်ယက် အသစ်များ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏမှာ (၁၀၀၀) မဂ္ဂါဝပ်မှ (၁၅၀၀) မဂ္ဂါဝပ် အတွင်း လိုအပ် လျက်ရှိသော ကြောင့် အဆိုပါလိုအပ်ချက်များအား အပြည့်အဝဖြည့် ဆည်းနိုင်ရေးအတွက် စီမံကိန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊  အခြေခံအဆောက်အအုံ ပိုမိုတိုး တက်တောင့် တင်းခိုင်မာရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အစွမ်းကုန်း ကြိုးစားဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က  အမှာစကားပြော ကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း နှစ်ပတ်လည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လှည်ကြည့်ရှု အားပေး ခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment