Sunday, January 28, 2018

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ရုံးခန်းဖွင့်လှစ်




ရန်ကုန်-ဇန်န၀ါရီ(၂၈)
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) ၌ ကျင်းပသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး (၂) ဦးလူမင်း က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းကို  ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးလူမင်းနှင့် ဒါရိုက်တာ မင်း ထင်ကိုကိုကြီး တို့က ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသူများက ၂၀၁၅ ခုနှစ် က ရိုက်ကူးပြသခဲ့သည့် အကြို အောင်ဆန်းရုပ်ရှင်ဇာတ်ကားနမူနာကို  ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် ဇေကမ္ဘာကုမ္ပဏီလီမီတက်နှင့် ရွှေသံလွင်ကုမ္ပဏီလီမီတက်တို့က ငွေကျပ်သိန်း ၁၀၀၀ စီ၊ တက်လမ်းကုမ္ပဏီလီမီတက် က ငွေကျပ် သိန်း (၁၀၀)၊ Ve Ve အချိုရည်က ငွေကျပ်သိန်း(၈၀)၊ နယူးဝင်းမေတ္တာရုပ်ရှင်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက ငွေကျပ် (၅၅)သိန်း၊ Myint Enterprise Co,Ltd. နှင့် အိသစ္စာအထွေထွေအကျိုးဆောင် လုပ်ငန်းတို့က ငွေကျပ် သိန်း (၅၀) စီ၊ AA Pharmacy၊ Pride International  School  Myanmar၊ ဦးဝင်းလွင်-သီဟသုဓမ္မ သိင်္ဂီ ဒေါ်ချိုမာလွင်(မြောင်းမြ)၊ Grand Andaman Group of Companies၊ SI Group Co,Ltd. နှင့် Viking Marine Product၊ သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်လေး-ဒေါ်မြင့်မြင့်ခိုင်တို့က ငွေကျပ် သိန်း (၃၀)စီ၊ တော်ဝင်ထွန်းမြန်မာပြည်အနှံ့ ဘုရားဖူး ပို့ဆောင်ရေး က ငွေကျပ် (၂၅)သိန်း၊ Aye & Thet Co,Ltd.၊ Living Square နှင့် သီဟသုဓမ္မမဏိဇောတဓရ ဦးမျိုးဇော်ထွန်း တို့က ငွေကျပ် သိန်း(၂၀)စီ၊ စန္ဒီပရဆေးက ငွေကျပ် ၁၅ သိန်း ၃ ထောင်၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်ဆိုက်တီ၊ စိမ်းလန်းမြေမိသားစု၊ သီဟသုဓမ္မမဏိဇောတဓရ ဦးတင်စိန်(ခ) ဦးနီနီ-သုဓမ္မသိင်္ဂီ ဒေါ်ခင်မြင့်ရီ မိသားစု၊ ပွင့်သစ်ဆန်း Food Center၊ သုခစုစံကုမ္ပဏီနှင့် နိုင်မိသားစု အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးတို့က ငွေကျပ် (၁၀) သိန်းစီ စုစုပေါင်း ငွေကျပ် ၂၇၀၅ သိန်း ၃ ထောင်တို့ကို     ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးလူမင်းတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မီဒီယာများက သိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ဦးလူမင်းနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့က ပြန်လည်ဖြေကြား ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလှူရှင်များ၊ အနုပညာရှင်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

No comments:

Post a Comment