Wednesday, January 17, 2018

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Ms.Vanessa Chan Yuen နှင့် အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ရွေးကောက်ပွဲများ အကြောင်းနှင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေမှု၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ နိုင်ငံတကာ အထောက်အကူပြု အဖွဲ့အစည်းများ၊ CSO များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေ၊ မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် စင်ကာပူနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ကူညီပေးနိုင်မည့် အခြေ အနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment