နေပြည်တော် ဇန်နဝါရီ ၁၁
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် (၈:၃၀)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
အစည်းအဝေးခန်းမ၌ သစ်လွင်ဆေးဘက်ကျွမ်းကျင် (ဓာတ်မှန်/ အကြော/ ဆေးဝါး) ဝန်ထမ်း များအားတွေ့ဆုံ၍
အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၏
အခန်း ကဏ္ဍသည် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၌ အထူးကုဆရာဝန်များကဲ့သို့
ပင် အလွန်အရေးပါကြောင်း၊ အလုပ်အကိုင်ရာထူးများ ယခုထက်ပိုမို၍ တိုးမြှင့်နိုင်မည့် အခွင့်
အလမ်း ရရှိရေးအတွက် ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ လုပ်ငန်းခွင်တွင် ပျော်ရွှင်စွာတာဝန်ထမ်းဆောင်
နိုင်ရေး၊ ဝန်ထမ်း အိမ်ရာများရရှိရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
နိုင်ငံ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆေးဘက်ကျွမ်းကျင် သင်တန်းသားများကို
ဘာသာရပ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် နှစ်စဉ်တိုးမြှင့်ခေါ်ယူ လေ့ကျင့်ပေး သွားမည် ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် သစ်လွင်ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများက
လိုအပ်သည်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက တင်ပြချက်များအလိုက်
ချက်ခြင်းဖြည့်ဆည်းပေး နိုင်သည့် ကိစ္စရပ်များကို ချက်ခြင်း ဖြည်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို
အဆင့်လိုက်၊ အပိုင်းလိုက် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းပေးသည်။ ဆက်လက်၍ အမြဲတမ်း အတွင်းဝန်၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးတို့က
အမှာစကား ပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံမှ Asian
Maternal and Child Welfare Association မှ Director, Myanmar Resident
Representative နှင့် ဘေ့(စ်)ဘောနည်းပြဖြစ်သူ Mr. Toru Iwasaki ၊ မြန်မာနိုင်ငံဘေ့(စ်)ဘော
အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘေ့(စ်)ဘောအဖွဲ့ချုပ်မှ ဂျပန်နိုင်ငံတွင် ကြေးစားဘေ့(စ်)ဘောအားကစား
သမားအဖြစ် သွားရောက်ကစားနေသော ဘေ့(စ်)ဘော အားကစားသမား ဦးဇော်ဇော်ဦးတို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ဧည့်ခန်းမ၌ ပြည်ထောင်စု ဝန်ကြီးအား လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment