နေပြည်တော်
ဇန်နဝါရီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၏
အစီအစဉ်အရ နေပြည်တော်သို့ လေ့လာရေးခရီးစဉ်
ရောက်ရှိနေကြသော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှ တိုင်းရင်းသား၊ တိုင်းရင်းသူလေ့လာရေး
အဖွဲ့ဝင်(၁ဝဝ) ဦး သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ ညွန်ကြား ရေးမှူးဦးအုန်းမြင့် လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသား လွှတ်တော်များသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်း
လင်းပြသသည်။
ယင်းနောက်
အမျိုးသားလွှတ်တော် ခန်းမဆောင်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လေ့လာရေးအဖွဲ့အား
ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။
လေ့လာရေးအဖွဲ့သည်
ယနေ့ နံနက်အစောပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သို့ သွားရောက် ကြည့်ရှုလေ့လာကြရာ သတင်းရိုက်ကူးတည်းဖြတ်
ထုတ်လွှင့်ပုံ အဆင့် ဆင့်ကိုလည်းကောင်း၊ တိုင်းရင်းသား ရုပ်သံလိုင်း NRC ထုတ်လွှင့်နေမှုများနှင့်
ရေဒီယို ထုတ်လွှင့်ရေး အစီအစဉ်များကို လည်းကောင်း တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းရင်းသားလေ့လာရေး အဖွဲ့များ၏ ရိုးရာအကများကို မှတ်တမ်း တင်ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
အဆိုပါ တိုင်းရင်းသား
လေ့လာရေး အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မဟာသကျရံ သီဘုရားအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး
တပ်မတော်စစ်သမိုင်းပြတိုက်သို့ ဆက်လက်သွား ရောက် ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment