နေပြည်တော် ဇန်နဝါရီ ၁၁
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ
ဒေါ်ခင်စန်းလှိုင်သည် Anhui Provincial State-owned Assets supervision and
Administration commission and the Provincial Enterprisesမှ DONG YA QING နှင့်အဖွဲ့အား
ယနေ့ နံနက် ၁၁ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော်
အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment